ဂီတသံစဉ်များနှင့်လူ့ ကျန်းမာရေး


လူများတစ်ဦးပေါ်တွင် ဂီတဟာ ခန္ဓာကိုယ်နဲ့ စိတ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။ အနာကျက်ဖို့အတွက် ဂီတကို အသုံးပြုတဲ့ ဂီတကုထု့းခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်တစ်ခုကလည်း တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာနေပါတယ်။ ဂီတကုထုံးဟာ နာကျင်မှုကို ကုသရာမှာ ကူညီနိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေပြီး လူနာကို တည်ငြိမ်အေးချမ်းစေပါတယ်။

ကြွက်သားတင်းအားတွေကို ပြေလျော့စေပြီး လှုပ်ရှားမှုတွေကိုလည်း တိုတက်စေပါတယ်။ ဒါကြောင့် ဂီတကုထုံးက ကင်ဆာလူနာတွေ၊ ဂနာမငြိမ်တဲ့ ကလေးတွေနဲ့ တခြားလူနာတွေ ကုသရာမှာ ကူညီနိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါတို့ဟာ ခန္ဓာကိုယ်နဲ့ စိတ်အပေါ်မှာ ဂီတရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

ဂီတဟာ စိတ်ဓာတ်ကျဆင်းမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသက်သာစေပြီး အကောင်းမြင်တဲ့ စိတ်အခြေအနေကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ တုံ့ပြန်မှုတွေကို မဖြစ်အောင် ကာကွယ်ပေးထားနိုင်တဲ့အတွက် ထိုးထွင်းဖန်တီးနိုင်စွမ်းနဲ့ အကောင်းမြင်မှုတွေကို တိုးတက်စေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဂီတဟာ သွေးဖိအားလျော့ကျစေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လေဖြတ်နိုင်ခြေနဲ့ တခြားကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ ခန္ဓာကိုယ်ခုခံအား စနစ်ကို အားကောင်းစေပါတယ်။ ကြွက်သားတင်းအားတွေကို ပြေလျော့စေပါတယ်။

ငြိမ့်ညောင်းတဲ့ ဂီတသံက အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေကို နှေးစေပြီး ခန္ဓာကိုယ်ကို ပြေလျော့အနားရတဲ့ အနေအထား ဖြစ်စေပါတယ်။ ဒါကြောင့် ဂီတကုထုံးဟာ တာရှည်စိတ်ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ်မှ ထိခိုက်ရမှုတွေကို ကာကွယ်နိုင်ပြီး ဖြေလျော့အနားရစေရုံသာမက ကျန်းမာရေးကိုပါ တိုးတက်စေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ