မွေးရာပါအမှတ်များအကြောင်း


မွေးရာပါအမှတ်များသည် အရေပြားများပေါ်ရှိ အမှတ်အသား များဖြစ်ပြီး မွေးဖွားကတည်းက ပါရှိ လာသည် သို့မဟုတ် မွေးဖွားပြီး နောက်သိပ်မကြာမီ အချိန်ကာလအတွင်း ပေါ်ထွက်လာတတ်သည် ။


မွေးကင်းစကလေး တော်တော်များများတွင် မွေးရာပါအမှတ်များရှိနေ သည်ကိုတွေ့ရပေမည် ။ သွေးကြောများ ပုံမမှန်ဖွဲ့စည်းမှုကြောင့် ဖြစ်သောမွေးရာပါအမှတ်များသည် အနီ ၊ ပန်း ရောင် ၊ ခရမ်းရောင် ရှိသော အမှတ်များဖြစ်ကြပြီး ရောင်ခြယ်အမှတ်များ မှာရောင်ခြယ်များရှိသောဆဲလ်များ အစုအဝေးကြောင့်ဖြစ်ရပြီး အရောင်မှာအညိုရောင်ဖြစ်ကြသည် ။

 ဆေး ပညာဖြင့်မွေးရာပါအမှတ်များ မည်ကဲ့သို့ဖြစ်ပွားလာရသည်ကိုအတိအကျရှာဖွေမတွေ့ရှိသေးပေ ။ အချို့သောသုတေသနပညာရှင်များ မှ ကိုယ်ဝန်ဆောင်စဉ်အချင်း(placenta) မှထွက်လာသောအချို့သော ပရိုတင်းများကြောင့် မွေးရာပါအမှတ်များ ဖြစ်ပေါ်လာရသည်ဟု ယူဆထားကြသည် ။ မွေးရပါ အမှတ်အသားအများစုမှာ စိုးရိမ်စရာတစ်စုံတစ်ရာမရှိပဲ အသက်အရွယ်ကြီးမြင့် လာသည်နှင့် အမျှတစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိသည် ။ မွေး ရာပါအမှတ်အသား များအချို့ကို သာပျောက်ကင်းသွားအောင် လုပ်နိုင်ပါသည်။ စတီးရွိုက်ကဲ့သို့သောဆေး အား ထိုးပေးသောနည်းလမ်း သို့မ ဟုတ်ပါးစပ် မှသောက်ခြင်းဖြင့်လည်း မွေးရာပါအမှတ်အသားကို အရွယ် အစားသေးငယ်သွားအောင် လုပ်ဆောင်နိုင်ပါသည် ။

သတိထားစရာတစ်ခုက အချို့အမှတ်အသားများမှာ ကင်ဆာအဖြစ်သို့ ပြောင်းလဲသွား နိုင်သည်ကိုလည်း မှတ်သားထားသင့်ပါသည် ။ Congenital melano cyticnevus သည်အမေရိကန်မွေးကင်းစကလေးများ၏ ၁% တွင်တွေ့ရှိရသောအမျိုးအစားတစ်မျိုး ဖြစ်သည် ။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ