တစ်ရက်ဘီယာတစ်ပိုင့်သောက်ခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်



လေ့လာမှုအသစ်တစ်ရပ်အရ တစ်ရက်ကို ဘီယာတစ်ပိုင့်သောက်တာဟာ ကိုလက်စထရောပမာဏ မြင့်မားမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထရောဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ကိုလက်စထရောတွေကတော့ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

အမေရိကန်နှလုံးကျန်းမာရေးအသင်းရဲ့ လေ့လာမှုတစ်ရပ်အရ HDL လို့ခေါ်တဲ့ ကိုလက်စထရောတွေဟာ တစ်ခွက်သောက်သုံးရုံနဲ့ နှေးကွေးစေတာဖြစ်ပါတယ်။ လေ့လာချက်ကို ပြီးခဲ့တဲ့ ၆နှစ်တာ ကာလအတွင်း လူ၈၀၀၀၀ ကိုလေ့လာရာကနေ တွေ့ရှိခဲ့ကြတာပါ။

သုတေသီတွေက အရွယ်ရောက်ပြီးတဲ့ အရက်သောက်သုံးတဲ့သူနဲ့ မသောက်တဲ့သူတွေကို ခွဲခြမ်းခဲ့ပါတယ်။ အဲ့ဒီနောက်လေ့လာခဲ့ရာမှာတော့ တစ်ရက်တစ်ခွက်ကနေ၊ နှစ်ခွက်အထိ အရက်ကို ပုံမှန်မှီဝဲတဲ့ သူတွေဟာ အဆိုပါရောဂါတွေ ဖြစ်နိုင်ခြေကနေ လျော့နည်းလာတာ ကိုတွေ့ခဲ့ကြရတာဖြစ်ပါတယ်။

အမေရိကန် အမျိုးသားနှလုံးရောဂါအသင်းရဲ့ ထောက်ခံချက်အရတော့ အရက်ကို ပမာဏ အနည်းငယ်နဲ့ တတ်နိုင်ရင်မသောက်ပဲနေဖို့သာအကြံပြုကြောင်း ဆိုခဲ့ပါတယ်။

( U Min Thant )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Express

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ