သွားဖုံးရောဂါနှင့် အဆစ်အမြက်ကိုက်ခဲမှု ဆက်နွယ်နေ


ပြင်းထန်သော သွားဖုံးရောဂါ တစ်မျိုးတွင် တွေ့ ရလေ့ရှိသော ဗက်တီးရီးယားသည် အဆစ်အမြစ် ကိုက်ခဲ နာကျင်မှုကိုလည်း ဖြစ်စေနိုင်သည်ကို တွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု ၊ ဂျွန်ဟော့ ပကင်း တက္ကသိုလ်မှ သုတေသီများ က ပြောသည် ။
အဆိုပါဗက်တီးရီးယားမှာ Aggregatibacteractinomycetemcomitans ဗက်တီးရီးယား အမျိုးအစားဖြစ်ပြီး AA ဗက်တီးရီးယားဟု အတိုကောက်ခေါ်ဆိုကြောင်း ၊ လူပေါင်းသုံးပုံတစ်ပုံထက်မနည်းတို့ တွင် AA ဗက်တီးရီးယားကို တွေ့ ရလေ့ရှိပြီး အဆစ်အမြစ် ရောင်နာလေ့ရှိသော လူနာ ၄၇ ရာခိုင်နှုန်းတွင်လည်း ယင်း AA ဗက်တီးရီးယားကို တွေ့ ရလေ့ရှိကြောင်း သိရသည် ။


AA ဗက်တီးရီးယားသည် ရောဂါခုခံသည့် စနစ်တွင် အရေးပါသော နျူထရိုဖီးလ်ဆဲလ်များကို ပျက်စီးစေကြောင်း ၊ နျူထရိုဖီးလ်ဆဲလ်များသည် မိမိ၏ရောဂါခုခံသည့်စနစ်ကို ပြန်လည်တိုက်ခိုက် ကြကြောင်း ၊ အဆစ်အမြက်ရောင်နာရောဂါတွင် တွေ့ ရသည့်ပုံစံအတိုင်းဖြစ်ကြောင်း ၊ အဆစ် အမြစ်ရောင်နာခြင်း နှင့် သွားဖုံးရောင်နာဝေဒနာ ဆက်စပ်မှု မှာ ၅၀ ရာခိုင်နှုန်းထက် မနည်းရှိကြောင်းသုတေသီတစ်ဦးကပြောသည် ။


AA ဗက်တီးရီးယားကူးစက်ခြင်းကြောင့် သွားဖုံးရောင်ရောဂါဖြစ်ပွားပါမယ် ။ ဗက်တီးရီးယားဟာ အဲဒီကနေတစ်ဆင့် နျူထရိုဖီးလ်ဆဲလ်တွေကို ပျက်စီးစေပါမယ် ။ ပျက်စီးသွားတဲ့ဆဲလ်တွေဟာ ခန္ဓာကိုယ်ရောဂါခုခံတဲ့စနစ် ကိုပြန်ပြီးတိုက်ခိုက်ပါမယ် ။ ဒီလိုနဲ့ အဆစ်အမြက်ရောင်နာခြင်းကို ပြင်းပြင်းထန်ထန်ခံစားရမှာဖြစ်ပါတယ် ။ အဆစ် အမြစ် ရောင်နာတယ်ဆိုတာအခြားသော အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွားဖုံးရောင်နာခြင်းကိုဖြစ်စေတဲ့ AA ဗိုင်းရပ်ကနောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်လာတာပါ ဟု ၄င်းက ဆက်လက်ပြောပြသည် ။


မည်သည့်ရောဂါဖြစ်စေ၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကပိုကောင်းပါတယ်။ ဒါကြောင့် အဆစ်အမြက် ရောင်နာမဖြစ်အောင် မတည့်တဲ့အစားအစာတွေကိုလည်းမစားပါနဲ့ ၊ ခံတွင်းသန့် ရှင်းရေးနဲ့ ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ပါလို့  ပြောချင်ပါတယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည်။

ခန္ဓာကိုယ်ရဲ့ နျူထရိုဖီးလ်ဆဲလ်တွေကကျန်းမာတဲ့ဆဲလ်တွေကိုမှားယွင်းတိုက်ခိုက်တဲ့အခါ ပြင်းထန်စွာနာကျင်တဲ့ အဆစ်အမြက်ရောင်နာဝေဒနာကိုခံစားရပါတယ် ။ ဒီဝေဒနာကိုဖြစ်စေတဲ့ အကြောင်း ရင်းနောက် တစ်ခုကတော့ ထူးထူးခြားခြား သွားဖုံးကနေလာပါတယ် ။ ခြေဆစ် ၊ လက်ဆစ်တွေ ကိုရောင်ရမ်း နာကျင်စေတာ အသက်အန္တရာယ် နဲ့  ဝေးပေမယ့် နှလုံးတို့ အဆုပ်တို့ ကိုလည်း တိုက်ခိုက်လာနိုင်ပြီး အခန့် မသင့်ရင် အသက်သေဆုံးနိုင်ပါတယ် ။ ဒီဖြစ်စဉ်ကိုဟန့် တားပေးနိုင်မယ့်ဆေးမရှိသေးပါဘူး။ အဆစ်အမြက်ရောင်နာဖြစ်ရင် သူ့ အလိုအလျောက် သက်သာသွားတဲ့အထိစောင့်ရပါတယ်။ နာကျင်မှုကိုသက်သာအောင် အကိုက်အခဲပျောက်ဆေး ထိုးပေးတာလောက်ပဲတတ်နိုင်ပါတယ်ဟု နားလည်တတ်ကျွမ်းသူတစ်ဦးကပြောပြသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ