အပေါင်းအသင်းများနှင့် ကြီးပြင်းလာသည့် ကလေးများတွင် အန္တရာယ်နှင့် အကြောက်တရားများကို ဖြတ်ကျော်နိုင်


သူငယ်ချင်း အပေါင်းအသင်းများဖြင့် ကြီးပြင်းလာသည့် ကလေးများသည် အန္တရာယ်များနှင့် အကြောက် တရားကို အလွယ်တကူ ဖြတ်ကျော်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာတွင်လည်း ပိုမိုကြံခိုင်မှု ရှိကြောင်း လေ့ လာတွေ့ရှိချက် အသစ်ကို East Anglia တက္ကသိုလ်မှ သုတေသီတို့မှ လေ့လာတွေ့ ရှိခဲ့ကြောင်းသိရသည် ။

East Anglia တက္ကသိုလ်မှ သုတေသီတို့သည် ကလေးအယောက် ၅၀ တို့၏ နေထိုင်မှု ပုံစံကို လေ့လာရာတွင် သူငယ်ချင်းအပေါင်းအသင်းများစွာ တို့နှင့် ကြီးပြင်းလာသည့် ကလေး သူငယ် များသည် အန္တရာယ် ကြုံတွေ့လာပါက ၎င်းကိုယ်တိုင် ပြန်လည်တုံပြန်တတ်သည့် အကျင့်နှင့် အကြောက် တရား သိပ်မရှိကြောင်းလေ့လာတွေ့ရှိခဲ့ရပြီး တစ်ကိုယ်တည်း ကြီးပြင်းလာကြသည့် ကလေးသူငယ်များ သည်လည်း အရာရာတိုင်း ကိုကြောက်ရွံနေတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရရှိနေနိုင်ကြောင်း East Anglia တက္ကသိုလ်မှ Dr. JinnieOoi မှ ပြောကြားခဲ့ကာ ကလေးတွေကို ငယ်စဉ်ကတည်းက သူငယ် ချင်းတွေ နဲ့ ဆော့ကစားဖို့ ၊ တစ်ယောက်ထဲနေထိုင်တာတွေ မဖြစ်အောင် မိဘတွေကစောင့်ကြည့်ပြီး ကလေးတွေရဲ့ စိတ်ကိုအကောင်းဆုံး ပြုပြင်နိုင်မှာပါဟု Dr. JinnieOoi မှ ပြောကြားခဲ့ကြောင်း သိရသည် ။ စိုးရိမ် ပူပန်မှုနဲ့ အကြောက်တရားတွေကယော်ကျားလေးတွေထက် မိန်းကလေးတွေ ပိုမိုတွေ့မြင်ရပြီးစိုးရိမ် ပူပန်မှုနဲ့ အကြောက် တရားတွေလျှော့နည်းစေဖို့ ဆိုတာ သူငယ်ချင်းအပေါင်းအသင်းတင် မကမိဘတို့မှာလည်း တာဝန်ရှိကြောင်း  Dr. JinnieOoi မှ ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ