Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ
ဆီးချိုကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေက အများအားဖြင့် သိပ်မဆိုးကြပါ။ ဒါပေမဲ့ မျက်စိ။ ကျောက်ကပ်နဲ့ အသည်း ထိခိုက်မှုတွေကတော့ ဆိုးတယ်။ ခြေထောက်မှာဖြစ်တာလည်း ဆိုးတယ်။ ခြောက်တယ်လို့တော့ မထင်စေချင်ပါ။ ကိုယ့်အခန်းထဲ ဆင်တကောင်ရောက်လာသလို သဘောထားပါ။ အဲတော့ ဘာဖြစ်လာနိုင်တယ်နဲ့ ဘာလုပ်သင့်တယ် ကိုတော့ စဉ်းစားပါ၊ လိုက်နာပါ။ (အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။)
၁။ Cardiovascular disease နှလုံး-သွေးကြောရောဂါ
ဆီးချို ရှိရှိ မရှိရှိ သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ကပါတယ်။ ဆီးချိုရှိရင် ပိုသတိထားပါ။
၂။ Diabetic eye disease ဆီးချိုမျက်စိ
မျက်စိကွယ်နိုင်တယ်။ ဆောရီး။ Diabetic retinopathy ဆီးချိုမြင်လွှာခေါ် ကင်မရာဖလင်ရှိတဲ့နေရာမှာဖြစ်တာ၊ Cataract အတွင်းတိမ်၊ Glaucoma ရေတိမ်။
၃။ Kidney ကျောက်ကပ်
ကျောက်ကပ်မှာရှိတဲ့ Glomerulus နေရာကိုပျက်စီးစေနိုင်တယ်။ သွေးထဲကများနေတဲ့သကြားဓါတ်နဲ့ ကျောက်ကပ်ထဲက ပရိုတင်းတွေပေါင်းစပ်ကြတယ်။ အဲတာကြောင့် ပျက်စီးရတယ်။ Renin ဆိုတာများနေမယ်။ သွေးတိုးပါဆက်ဖြစ်နိုင်တယ်။ Blood pressure သွေးဖိအားနဲ့ cholesterol ကိုလက်စထောထိန်းဘို့ အလွန်အရေးကြီးပါတယ်။
၎။ Erectile dysfunction (ED) ယောက်ျားပန်းသေပန်းညှိုးဆက်ဖြစ်လာနိုင်တယ်။ ဆောရီး။ လိုတဲ့နေရာဆီ သွေးရတာနည်းလို့ ဖြစ်ရတယ်။ Neuropathy ခေါ် အာရုံကြောလေးတွေမကောင်းဖြစ်လာလို့လည်း အဲတာကို ပိုဆိုးစေတယ်။
၅။ Brushing your teeth သွားတိုက်တာ အရေးကြီးတယ်။ သူများတွေထက် Gingivitis သွားဖုံးရောင်တာပိုဖြစ်တယ်။ ဆေးလိပ်သောက်သူ ပိုဆိုးတယ်။ သွေးထဲကသကြားဓါတ်က ဗက်တီးရီးယားတွေကို ဖိတ်ခေါ်နေတယ်။
၆။ Diabetic neuropathy ဆီးချိုအာုံကြောရောဂါ
အဖျားအနားနေရာတွေမှာဖြစ်တယ်။ ခြေ-လက်တွေ။ ထုံကျင်မယ်။ အပူ-အအေးခံစားတာ၊ ထိတာ အသိနည်းမယ်။ လမ်းလျှောက်ရတာ ခက်လာမယ်။ နာလာမယ်။ ခြေအိတ်-လက်အိပ်စွပ်ရာနေရာတွေကို ထိခိုက်လို့ Stocking glove sensory loss လို့ခေါ်တယ်။ တကယ်လို့ ဖြစ်တဲ့အာရုံကြောက အင်္ဂါအစိတ်အပိုင်းစနစ်မှာဆိုရင် သက်ဆိုင်တဲ့နေရာမှာ မကောင်းတာတွေလာဖြစ်မယ်။ အစာခြေလမ်း၊ အသက်ရှူလမ်း၊ မျိုးပွါးလမ်း။ Autonomic diabetic neuropathy လို့ ခေါ်တယ်။ နေရာတခုမှာ ကွက်ဖြစ်တာကို Focal neuropathy ခေါ်တယ်။
Don’t need to panic အလွန်ကြီး အစိုးရိမ်မကြီးပါနဲ့
A1c test စစ်နေပါ။ အဲဒီအဖြေဟာ လူကြီးမင်းရဲ့ လွန်ခဲ့တဲ့ (၃) လအတွင်းက သကြားဓါတ်အခြေအနေကိုပြပါမယ်။
A1c နဲ့ သွေးတိုးမြင့်နေရင်တော့ ကျောက်ကပ်။ နောက်ဆက်တွဲဖြစ်မှာကို သတိထားရပါတော့မယ်။ A1c 7.0 နဲ့ အောက် ကောင်းတယ်။သွေးတိုး 130/80 ထက်မများတာကောင်းတယ်။
ဒါတွေ ပုံမှန်လုပ်နေပါ။
— average amount of blood glucose သွေးထဲရှိသကြားဓါတ်စုစုပေါင်း = ၃ လတကြိမ်။
— armband test သွေးစီးလျောက်မှုတိုင်းခြင်း = ၆ လတကြိမ်။
— cholesterol and triglycerides အတီဓါတ်စစ်ခြင်း = တနှစ်တကြိမ်။
— urine test ကျောက်ကပ်အတွက် ဆီးစစ်ခြင်း = တနှစ်တကြိမ်။
— dilating your pupils သူငယ်အိမ်ကျယ်ခြင်း မျက်စိစစ်နည်း = မျက်စိဆရာဝန်ကပြောပါမယ်။
နောက်ဆက်တွဲတွေဟာ ရှောင်လွှဲဘို့ ခက်တယ်။ ဆောရီး။ သကြားဓါတ် + သွေးတိုး + ကိုယ်အလေးချိန် စစ်နေပါ။ ဘာစားသလဲ သိပါ။ Medications ဆေးပုံမှန်သောက်-ထိုးပါ။
ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်စေသောဝ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin