သံဓာတ် ချို့တဲ့နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ ကိုးမျိုး
ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးမှာ ခြောက်ဦးခန့်က သံဓာတ်ချို့တဲ့လေ့ရှိကြပြီး သံဓာတ်ချို့တဲ့ခြင်း ရှိ၊ မရှိ အောက်ပါ လက္ခဏာ ကိုးမျိုးနဲ့ ဆန်းစစ် နိုင်ပါတယ်။
အလွန်အမင်း မောပန်းခြင်း
ခန္ဓာကိုယ်က သံဓာတ်ကို အသုံးပြုပြီး သွေးကလာပ်စည်း ဆဲလ်ထဲမှာ ရှိတဲ့ အောက်ဆီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဥ ဓာတ်တစ်မျိုးကို ထုတ်လုပ် ပေးပါတယ်။ သံဓာတ် ချို့တဲ့လာရင် ကျန်းမာ သန်စွမ်းတဲ့ သွေးဆဲလ် တွေအလုံအလောက် မရှိတော့လို့ အလွန်အမင်း မောပန်းနွမ်းနယ် လာပါတယ်။
အာရုံစူးစိုက်၍ မရခြင်း
သံဓာတ်ချို့တဲ့ လာရင် အာရုံခံ အင်္ဂါ အဖွဲ့အစည်းတွေ ချို့ယွင်း သွားတာကြောင့် ပုံမှန် လုပ်နေကျ အလုပ်တွေမှာ တောင် စိတ်အာရုံ စူးစိုက်လို့ မရတော့ဘဲ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း ကျဆင်း လာပါတယ်။
စိတ်ဝင်စားမှု မရှိခြင်း
သံဓာတ် ချို့တဲ့လာတာကြောင့် အာရုံခံ အဖွဲ့အစည်းတွေကို ထိခိုက်စေရုံသာမက စိတ်နှလုံး နောက်ကျိ လာပြီး မိမိရဲ့မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာ အရင်လို စိတ်ဝင်စားမှု မရှိတော့ဘဲ တစ်ယောက်ထည်း အထီးကျန် နေလိုစိတ် ပြင်းပြ နေတတ် ပါတယ်။
အသက်ရှူကျပ်ခြင်း
သွေးထဲမှာ သံဓာတ် လုံလောက်မှု မရှိတဲ့ အခါ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို အလွန်အမင်း တောင့်တ လာပြီး အသက်ရှူ မဝဘဲ မွန်းကျပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန် အားကစား လေ့ကျင့်ခန်း လုပ်တဲ့အခါ၊ ပုံမှန် လမ်းလျှောက်တဲ့ အခါတွေမှာ သိသိသာသာ အသက်ရှူမဝ ဖြစ်လာတာဟာ သံဓာတ် ချို့တဲ့တဲ့ လက္ခဏာ တွေဖြစ်ပါတယ်။
အသားအရေ ဖြူရော်ရော် ဖြစ်ခြင်း
နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်း အတွင်းသားတွေမှာ အရင်နဲ့မတူ ဖြူဆွတ် လာတာတို့၊ လက်ဖဝါး၊ ခြေဖဝါးတွေ အေးစက်ပြီး မျက်နှာနဲ့ အသားအရေတွေ ဖြူရော်ရော် ဖြစ်လာတာတွေ ကလည်း သွေးနီဥတွေ လျော့နည်း ကျဆင်းလာပြီး သွေး မလျှောက်နိုင်တော့လို့ ဖြစ်ပါတယ်။
ကြွက်သားတွေနာကျင်ခြင်း
ခန္ဓာကိုယ် ကြွက်သားတွေမှာ သံဓာတ်တွေ အားနည်းလာတာကြောင့် ကြွက်သားတွေ ပျော့အိလျော့ရဲ လာပြီး တော်ရုံ ဖိမိ တွန်းမိတာကိုတောင် အထိမခံနိုင်လောက်အောင် အသားတွေ နာကျင် လာပါတယ်။
ခြေသည်း၊ လက်သည်းတွေ ကွဲထွက်ခြင်း
ခြေသည်း၊ လက်သည်း အစပ်နားတွေ သူ့ အလိုလို ကွဲထွက် တတ်တာကလည်း သံဓာတ် ချို့တဲ့ခြင်းရဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။
မကြာခဏဖျားနာခြင်း
အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလို ရာသီဖျား တွေကို မကြာခဏ ကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံ အအေးမိရုံမျှနဲ့ နှာခေါင်းပိတ်တာ ကလည်း သံဓာတ်ချို့တဲ့ တာပါပဲ။
ပန်းရောင် သို့မဟုတ် အနီရောင် ဆီးသွားခြင်း
သွေးဆုံးပြီး အမျိုးသမီးတွေ ၁ဝ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် ဒါမှမဟုတ် အနီရောင်၊ နီညိုရောင် ဆီး သွားတတ်ပါတယ်။ အဲဒီဆီး အရောင်တွေက စတော်ဘယ်ရီသီးတွေ၊ Beet Root (ခေါ်) သကြားမုန်လာ (ခေါ်) မုန်လာဥနီကို မစားဘဲ ဆီးအရောင်က သူ့အလိုလို ပြောင်းလဲသွားတာ ဟာလည်း သံဓာတ်ချို့တဲ့ တာကြောင့်ပါ။
သံဓာတ် ဖြည့်တင်းပေးတဲ့ အစားအစာများ
ပရိုတင်း၊ ဗီတာမင် B-6၊ ဗီတာမင် C၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ ခန္ဓာကိုယ် အကျိုးပြု Beta carotene ၊အမျှင်ဓာတ်နှင့် တခြား အာဟာရဓာတ်၊ မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အမဲအသည်း၊ အမဲ (မိုးခို)သား၊ အမဲသား၊ ကြက်ရင်ပုံသား၊ ဆော်လမွန်ငါး၊ ရွှေဖရုံသီး အစေ့၊ ချောကလက် စစ်စစ်၊ စမုန်ဖြူ အခြောက်၊ တင်လဲရည် (သကာရည်)၊ Apricots (ခေါ်) ဆီးသီးခြောက်၊ ပဲနီလေး၊ အာလူး၊ ဟင်းနုနယ်၊ ပဲကတ္တီပါ၊ တိုဟူး၊ ပဲထောပတ်၊ ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်း တို့ကို စားသုံး သင့်ပါတယ်။
မြဝတီ
https://www.facebook.com/mwdwebportal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin