သက်လတ်ပိုင်းတွင်လည်းအယ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ
အယ်ဇိုင်းမားရောဂါသည် ၂၀၁၆ ခုနှစ်တွင် အဖြစ်အများဆုံးရောဂါ စာရင်းတွင် ပါဝင်လာခဲ့ပြီး သက်ကြီး ရွယ်အိုများတွင် သာမကအသက် ၃၀- ၄၀ ရှိ လူကြီးများတွင်လည်း အယ်ဇိုင်းမားရောဂါကို ခံစားနေရကြောင်း ဦးနှောက်နှင့် အာရုံကြောအထူးကု Dr. Eric Kandel မှ ထုတ်ပြန်ကြေညာ ခဲ့ကြောင်းသိရသည် ။
အယ်ဇိုင်းမားရောဂါသည် အသက်အရွယ် ရလာသည်နှင့်အမျှ မှတ်ဥာဏ်များပျောက်ဆုံး ကုန်သည့် ရောဂါမျိုးဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းကအသက် ၆၀ ကျော် ၇၀ နားနီး သက်ကြီးရွယ်အိုများ တွင် သာအဆိုပါ ရောဂါကိုတွေ့ရှိခဲ့ရပြီး ယခု ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အသက် ၃၀ ကျော် ၄၀ အရွယ် လူကြီးများတွင်လည်း အယ်ဇိုင်းမားရောဂါကို ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေကြောင်း Dr. Eric Kandel မှ ပြောကြားခဲ့ကာ အယ်ဇိုင်းမားရောဂါသည် ဦးနှောက်ကိုအသုံးပြုမှုနည်းပါးခြင်း ၊ ဦးနှောက်ကိုထိခိုက်မိခြင်း ၊ ငယ်ရွယ်စဉ်ကစိတ်ဖိစီးမှု ခံစားရခြင်းတို့ကြောင့် ဖြစ်ပွားစေနိုင်ကြောင်းသိရသည် ။
အယ်ဇိုင်းမားရောဂါကို စတင်ခံစားရပြီဆိုပါက အချိန်တိုအတွင်း ဖြစ်ပျက်ခဲ့သည့် မှတ်ဥာဏ် ပျောက်ဆုံးခြင်း ၊ မိဘဆွေမျိုးစသည့် ကိုယ်နှင့် အရင်းနှီးဆုံးလူတို့၏ အမည်များကိုမေ့လျှော့ခြင်း၊ စကားပြောရာတွင် ထစ်လာခြင်း ၊ စဉ်းစား တွေးခေါ်ပုံများပြောင်းလဲလာခြင်းတို့ ဖြစ်ပွားပြီး ထိုသို့ ဖြစ်ပွားလာပါက ဆရာဝန်များဖြင့် တွေ့ဆုံ တိုင်ပင်သင့်ကြောင်း သိရသည် ။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin