တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းကြောင့် ကလေးအသေမွေးဖွားခြင်းအန္တရာယ်ကိုလျှော့ချနိုင်


အမေရိကတွင် ကိုယ်ဝန်အား လုံး၏ ၁% ခန့်မှာကလေး အသေမွေးဖွားခြင်း (Still Birfe) ဖြစ်ပွား နေပြီး နှစ်စဉ် ကလေးပေါင်း ၂၄ç၀၀၀ ယောက်မှာ အသေမွေးဖွားနေကြသည် ။ ကလေးမီးဖွားတော့မည် မိခင်များအနေဖြင့် တုပ်ကွေးကာကွယ်ဆေးများ ထိုးထားခြင်းသည် ကလေး အသေမွေးဖွားခြင်း အန္တရာယ်ကို သိသာ ထင်ရှားစွာလျှော့ချပေးနိုင်ကြောင်း ကိုနောက်ဆုံးလေ့လာမှုတစ်ရပ် ၏ ကောက်ချက်ချမှု တစ်ရပ်အဖြစ် Clinical Infechtious Diseases ဂျာနယ်တွင်ဖော်ပြထား ခြင်းဖြစ်သည်။

အသက် ၃၅ နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်စဉ် ဆေး လိပ်သောက်ခြင်း ကိုယ်အလေးချိန် သတ်မှတ်ချိန်ထက် များနေခြင်း ၊ ကိုယ်ဝန်ဆုံးရှုံးဖူးသည့် ရာဇ၀င်ရှိ သူများနှင့် အမွှာကိုယ်ဝန်ရှိသူများ တို့မှာ အခြားသော ပုံမှန်ကိုယ်ဝန် ဆောင်သည်များထက်ပို၍ ကလေး အသေမွေးဖွားဖို့အခွင့်အလမ်း ရှိနေသည် ။ ကိုယ်ဝန်ဆောင် ချိန်တွင် တုပ်ကွေးကာကွယ်ဆေးထိုး ခြင်းကို ခံယူထားသည့် မိခင်လောင်းများ သည် တုပ်ကွေးကာကွယ်ဆေး မထိုး ထားသောသူများနှင့်နှိုင်းယှဉ်ပါက ကလေးအသေမွေးဖွားခြင်း အန္တရာယ်ကို ၅၁ % အထိလျှော့ချပေးနိုင်ကြောင်းကို သုတေသနပညာရှင်များ က တွေ့ရှိခဲ့ခြင်းဖြစ်သည် ။ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးမှလည်း အသက် ၆ လနှင့် အထက် ကလေးလူကြီးအားလုံး ကိုယ်ဝန်ဆောင်သည်များ အပါအ၀င် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုး ထားသင့်ကြောင်း အကြံပြုထားပါသည် ။ ကိုယ်ဝန်နှင့် ကာကွယ်ဆေး အကြား ဆိုးကျိုးဖြစ်ပွားစေနိုင်ခြင်း မရှိဟုဆိုထားသောငြားလည်း ကိုယ်ဝန်ဆောင်သည်မိခင်များမှ ကာကွယ်ဆေးသည် သန္ဓေသားအပေါ် ထိခိုက်မှုရှိစေနိုင်လိမ့်မည် ဟူသော စိုးရိမ်စိတ်များရှိနေသည်ဟု သိရှိရပါသည် ။

ဒိုင်မလေး (ဆေး ၁)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ