ဆံပင်ပုံသွင်းဆေးဖျန်းဘူးများ အသုံးပြုမှုများလျှင် ကိုယ်အင်္ဂါချို့ယွင်းသသည့်ကလေးများ မွေးဖွားနိုင်


ဆံပင်မကြာခဏ ပုံသွင်းဆေးဆိုးတဲ့အလေ့အကျင့်ရှိကြတဲ့ ကမ္ဘာသစ်က သူငယ်ချင်းတွေ ဖတ်သင့်ပါတယ် ။ ဆံပင်ပုံသွင်း ဆေးဖျန်းဘူးများကို အသုံးပြုပြီး ဆံပင်အလှပြင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကလေးများမွေးဖွားရာတွင် အခက်အခဲများဖြစ်စေတတ်ကြောင်း ဗြိတိသျှ သုတေသနပညာရှင်များက သတိပေးလိုက်သည် ။

ဆံပင်ပုံသွင်းဆေးရည်များတွင် ဓာတုပစ္စည်းများနှင့် ပလတ်စတစ်မှ ထုတ်ယူသည့် အက်စစ်တစ်မျိုးကို စစ်ဆေးတွေ့ရှိရကြောင်း ၊ ထိုပစ္စည်းများသည် သန္ဓေသား၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကြောင်း ၄င်းတို့က ပြောကြားသည် ။

သားသမီး မီးဖွားရာတွင် အခက်အခဲရှိသူ မိခင်များကို လေံလာသုတေသန ပြုခဲ့ရာ ၃၅ရာခိုင်နှုန်း သည် ဆံပင်ပုံသွင်းဆေးဖျန်းဘူးများကို သုံးစွဲသူများဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည် ။

ဆံပင်ပုံသွင်းဆေးဖျန်းဘူးများကို အမြဲအသုံးပြုသည့် အမျိုးသမီးများမှ မွေးဖွားလာသည့် ကလေးငယ် များသည် ကိုယ်ခန္ဓာ ချို့ယွင်းမှုရှိကြောင်း ကျန်းမာရေးချို့တဲ့မှုနှင့် ခက်ခဲစွာမွေးဖွားရျမှုများဖြင့် ကြုံရ တတ်ကြောင်း Mg Mandalay မှာ ကြိုတင်အသိပေးအပ်ပါသည်  ။

( ကျန်းမာရေး ကောင်းမွန်သော သားကောင်းသမီးကောင်းများ အနာဂတ်တွက် မွေးဖွားနိုင်ပါစေ )

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ