ရင်သားဓာတ်မှန်ကရင်သားကင်ဆာသာမက နှလုံးရောဂါပါသိရှိနိုင်


Mammography (ရင်သား ဓာတ်မှန်) က ယခုခေတ်မှာ ရင်သား ရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေး ရာမှာ ပုံမှန်အသုံးများတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ် ။ ယင်းရင် သားဓာတ်မှန်က ရင်သားထဲမှာ အလုံး အကျိတ်ရှိတာ ၊ ကင်ဆာရှိတာတွေ စစ်ဆေးသိရှိနိုင်ပါတယ် ။Muount Sinai တက္ကသိုလ်မှ သုတေသီတွေရဲ့ တွေ့ရှိချက်တွေ အရ ရင်သားဓာတ်မှန် ရိုက်ခြင်းအားဖြင့် ရင်သားသွေး ကြောတွေထဲမှာ ကယ်ဆီယမ်ပမာဏကိုသိရှိနိုင်ပြီး ယင်း ကယ်လ်ဆီယမ်ပမာဏ ကနှလုံးသွေးကြောထဲက ကယ်ဆီယမ်ပမာဏကို ကိုယ်စားပြုနိုင်ပါတယ် ။

 လေ့လာသူတွေက သုတွေသနမှာ ပါဝင်သူတွေ ရဲ့ အဆီပမာဏ ၊ သွေးပေါင်ချိန် ၊ သွေးတွင်း သကြားဓာတ် ပမာဏစတဲ့ အချက်အလက်များစွာကို စီစစ်ခဲ့ပါတယ် ။ အဲဒီအခါမှာအမျိုးသမီး ၄၂% ရဲ့ ရင်သွေးသားသွေးကြောထဲမှာ ကယ်လ်ဆီယမ် ပမာဏမြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ် ။ ဒါ့အပြင် ယင်းအမျိုးသမီးတွေက သွေးတိုးနဲ့ နာတာရှည်ကျောက်ကပ်ရော ဂါဖြစ်နိုင်ခြေက ရင်သားသွေးကြောထဲမှာ ကယ်လ်ဆီယမ် ပမာဏများသူတွေ ဟာ နည်းသူတွေထက်ဖြစ်နိုင်ခြေ ပိုများတာတွေ့ရပါတယ် ။ ထပ်မံစစ်ဆေးချက်တွေက ရင်သားသွေးကြောထဲက ကယ်ဆီယမ်ပမာဏကို ကြည့်ချင်း အားဖြင့်နှလုံးသွေးကြောထဲမှာ ကယ်လ်ဆီယမ်ပမာဏ ကို ၇၀% ထိမှန်အောင် ခန့်မှန်းနိုင်တာတွေ့ ရပါတယ် ။ သုတေသီတွေကတော့ ရင်သားဓာတ်မှန်ရိုက်ထားတဲ့ အမျိုးသမီးတွေ အနေနဲ့ ရင်သား သွေးကြောထဲကကယ်လ်ဆီယမ်ပမာဏကို မိမိတို့ရဲ့ဆရာဝန်တွေကို မေး မြန်းသင့်ပြီး ယင်း အဖြေပေါ်မှုတည်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ကာ နောက်ဆက်တွဲ ကုသမှုတွေကို ဆက်လက် လုပ်ဆောင်နိုင်မယ်လို့ အကြံပြုခဲ့ပါတယ် ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ