သင့်စိတ်က တောင်းဆိုနေတဲ့ ရေခဲရေလေးတစ်ခွက်က သင့်အတွက် မကောင်းပါဘူး


နွေရာသီရောက်လာတော့ အေးခဲနေတဲ့ ရေကို ပိုသောက်ချင်ကြတာပါပဲ ။ ရိုးရိုးသောက်ရေ ဟာ ချွေးပေါက်တွေပွင့်စေတယ် ။ အသားအရေကို နူးညံ့ချောမွေ့စေပါတယ် ။ ရေခဲရေကတော့ ဆန့်ကျင်ဘက်ပါပဲ ။ ချွေးပေါက်တွေ ပိတ်စေပြီး အသားအရေကို ရေခဲရေ သို့မဟုတ် ရေခဲပါတဲ့ရေ ဘာလို့ မသောက်သင့်သလဲ ဆိုတော့ ??

ရေခဲရေက သောက်လိုက်တဲ့အခါ အရသာက အေးမြပြီး လန်းဆန်းသွားသလို ခံစားရပါလိမ့်မယ် ။ အစားအသောက်စားနေတဲ့အခါလည်း တွန့်စေပါတယ် ။ရေခဲရေဟာ အစာချေ လမ်းကြောင်းထဲ မှာ ရေခဲရဲ့ အေးတဲ့ သဘာဝအရ အစာချေလမ်းကြောင်းရဲ့ သွေးကြောတွေကို ကျဉ်းစေပြီး အစာစုပ်ယူမှု ၊ ရေဓာတ်ကို လုံလောက်စွာစုပ်ယူမှုကို ဟန့်တားပါတယ် ။ အစာချေလမ်းကြောင်းဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တည်ဆောက်ဖို့ အစာအာဟာရတွေကို စုပ်ယူဖို့ကိုလည်း အနှောက်အယှက်ဖြစ်စေ ပါတယ်။ ရေဓာတ်ဆုံးရှုံးရတာလည်း အပါအဝင်ပေါ့ ။ အစာစားပြီး တဲ့အခါမှာ ရေခဲရေ /ရေအေး သောက် တဲ့အခါ သင့်ခန္ဓာကိုယ်က အချွဲတွေ အများကြီး ထုတ်လွှတ်ပါတယ် ။ သင့်ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် (immune system ) ကလည်း ပုံမှန်လုပ်ဆောင်မှု အားနည်းတဲ့ အတွက် အအေးမိ ဖျားနာတာ မျိုးတွေ ဖြစ်လွယ်ပါတယ် ။

ရေခဲရေနဲ့ ဆိုဒါကို အစာစားပြီး တဲ့နောက်မှာ သောက်ရင် ကိုယ်အလေးချိန်တက်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆီဖြိုခွဲတဲ့ ဖြစ်စဉ်တွေ နှေးကွေးပြီး တစ်ရှုးတွေ အင်္ဂါတွေမှာ အဆီတွေ စုပုံစေလို့ပါပဲ။ ရေခဲရေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေတယ် လို့ ထင်နေရင်တော့ မှားနေတာပဲ ဖြစ်ပါတယ်။

ပုံမှန်ရေအေး သို့မဟုတ် ခပ်နွေးနွေးရေကတော့ လိုအပ်တဲ့ရေဓာတ်ကို အပြည့်အဝ ရရှိစေပါတယ် ။
အစာချေစနစ်ကို ကောင်းမွန်စေပါတယ် ။ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးလို့ အစာဖြိုခွဲ မှုကို ကောင်းမွန်စေတဲ့အခါ လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်မှုလည်း ရရှိစေမှာပါ ။ သံပုရာရည် ခပ်နွေးနွေးလေး တစ်ခွက်ကို မနက်ပိုင်းမှာ သောက်ခြင်းကလည်း ဝမ်းမှန်စေပါတယ် ။

သွေးလှည့်ပတ်မှု စနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ချေဖျက်တဲ့ ဓာတ်ပြုခြင်းတွေမှာ အထောက်အကူပြုပါတယ် ။ စိတ်ကြည်လင်လန်းဆန်းစေပြီး သင့်ရဲ့ အချိုဓာတ်ကို အငမ်းမရစားချင်နေမှုတွေလည်း လျော့ကျစေမှာ ဖြစ်ပါတယ် ။

Ref: www.humannhealth.com
ညီ ဆေး ၂
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ