အသက်ကြီးသူများအချိန်မှန်မှန်တရားထိုင်ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းအားပြန်လည်ကောင်းလာနိုင်


မှတ်ဥာဏ်စွမ်းရည် အနည်းငယ်ချို့တဲ့လာသော သက်ကြီးရွယ်အိုများ အချိန်မှန်မှန် တရားထိုင် ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းရည် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်းတွေ့ရှိခဲ့ကြသည် ။ ဆေးပညာရှင်များသည် မှတ်ဥာဏ် စွမ်းရည်လျော့နည်းလာသော သက်ကြီးရွယ်အို ၂၅ယောက်ကို အဖွဲ့ ၂ဖွဲ့  ခွဲပြီးစောင့်ကြည့် လေ့လာ ခဲ့ကြသည် ။ ပထမအဖွဲ့ရှိလူကြီးများကို ၃လခန့် အချိန်မှန်မှန် တရားထိုင်စေခဲ့သည် ။ ဒုတိယအဖွဲ့ကိုမူ ၃လခန့်အချိန်မှန်မှန် ယောဂလေ့ကျင့်စေခဲ့သည် ။ ထို့နောက်တွင် ထိုအဖွဲ့ဝင်များကို မှတ်ဥာဏ်ပိုင်း ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည် ။ ထိုကဲ့သို့စစ်ဆေးမှုများ ပြုလုပ်ရာတွင် အချိန်မှန်မှန် တရားထိုင်သောလူကြီးများသည် အချိန်မှန်မှန်ယောဂလေ့ကျင့်သော လူကြီးများထက် မှတ်ဥာဏ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများတွင် ရလဒ် ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိခဲ့ကြသည် ။

 ထို့အပြင် တရားပုံမှန်ထိုင်သောလူကြီးများတွင် စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပွားမှု နည်းကြောင်းကိုလည်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် သတိမေ့တတ်သော သက်ကြီးရွယ်အိုများသည် မှတ်ဥာဏ်စွမ်းရည် ပြန်လည်ကောင်းမွန်လာစေရန် အချိန်မှန်မှန်တရားထိုင်ပေးသင့်ပေသည် ။

Ref : www.webmd.com
ဒီပီ(ဆေး-၁)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ