ကိုယ်ဝန်ပျက်ကျခြင်း နှင့်ကော်ဖီ(ကာဖင်းဓာတ်)သောက်သုံးမှု များခြင်းသည် ဆက်စပ်မှုရှိ


အသစ်တွေ့ရှိချက်များအရ ဇနီးမောင်နှံနှစ်ဦးတွင် အမျိုးသားနှင့် အမျိုးသမီးပါ ကော်ဖီ (သို့) ကာဖင်းဓာတ် သောက်သုံးမှုများခြင်းသည် ကိုယ်ဝန် ပျက်ကျခြင်းဖြစ်နိုင်ချေများမှုနှင့် ဆက်စပ်လျှက်ရှိနေသည် ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန် ပထမ ၇ပတ်အတွင်း ကော်ဖီကိုတစ်နေ့ ၂ခွက်ထက် ပိုမိုသောက်သုံးပါက ကိုယ်ဝန်ပျက်ကျနိုင်ချေ ပိုမိုမြင့်မားလာနိုင်သည် ။

ထိုအပြင့် အမျိုးသားများ၏ ကော်ဖီသောက်သုံးမှုနှင့် လည်းဆက်စပ်လျက်နေသည် ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ဝန်မရခင် ပြုမူနေထိုင်မှုများသည် ရရှိလာသည့် ကိုယ်ဝန်အပေါ် အကျိုးသက်ရောက်စေနိုင်သောကြောင့်ဖြစ်သည် ။ ကာဖင်းဓာတ်သည် ကိုယ်ဝန်ပျက် ကျခြင်းကို ဖြစ်စေနိုင်ခြင်း မဟုတ်သော်လည်း ဆက်စပ်မှုရှိသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည် ။ ထို့ကြောင့် ကလေးယူရန် စီစဉ်ထားသော ဇနီးမောင်နှံများနေဖြင့် ကိုယ်ဝန်မဆောင်ခင် မှစပြီးကော်ဖီသောက်သုံးမှုကို ထိန်းသင့်ကြောင်းဆေးပညာရှင်များက အကြံပေးထားသည် ။

Ref : www.webmd.com
ဒီပီ(ဆေး-၁)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ