Life Choices နှစ်သစ်အတွက် အကြံပြုချက်



ကင်ဆာ (၁ဝ) မျိုးထဲက (၄) မျိုးဟာ လူနေမှုပုံစံပြင်ရင် ကင်ဆာကို ကာကွယ်နိုင်တယ် ။ Cancer Research UK (ယူကေ) နိုင်ငံ ကင်ဆာ သုတေသန အသင်းရဲ့  နောက်ဆုံးတွေ့ရှိချက်ဖြစ်ပါတယ် ။ ဆေးလိပ်ဖြတ်ခြင်း ကနေ ကင်ဆာကိုရှောင်ရှားနိုင်စေတယ် ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ရွေးချယ်တတ်မှုဖြစ်ပါတယ် ။ အရက်ကို ဆင်ခြင်ဘို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဘို့လဲ ပါဝင်တယ် ။ လူပေါင်း ၁၄၅ဝဝဝ မှာ ပြုပြင်ထားတဲ့ အစားအသောက်နဲ့ ကင်ဆာ ဆက်စပ်နေကြတယ် ။ ၈၈ဝဝဝ ယောက်မှာ အဝလွန်တာနဲ့ ကင်ဆာ ဆက်စပ်နေကြတယ် ။ ၆၂၂ဝဝ ယောက်မှာ ကင်ဆာနဲ့ အရက် ဆက်စပ်နေကြတယ် ။ နေလောင်ခံရတာနဲ့ ကင်ဆာနဲ့ ဆက်စပ်တယ် ။

(ယူကေ) တနိုင်ငံတည်းမှာ အဲလို ကာကွယ်နိုင်မဲ့သူပေါင်း ၆ သိန်းရှိတယ် ။ ဆေးလိပ် ၊ အရက် ၊ အစားအသောက် ၊ အဝလွန်တာနဲ့ နေလောင်ခံရတယ် ။ ၂ဝဝ၇ ကနေ ၂ဝ၁၁ အတွင်း လူနာပေါင်း ၃ သိန်းကို ၅ နှစ်တာ လေ့လာမှုအရ ပြောနိုင်တာဖြစ်ပါတယ် ။

နှစ်သစ်မှာ ဒီအကြံပြုချက်ကို လိုက်နာကြပါလို့ အကြံပြုလိုက်ပါရစေ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ