Nitrous Oxide ဓာတ်ငွေ့ကကာလကြာရှည်စိတ်ညစ်စရာတွေ ရှိတဲ့သူတွေကိုကူညီပေးနိုင်


University College of London က သုတေသနပညာရှင်တွေက အသုံးများတဲ့ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို သုံးပြီး ထိခိုက်မှုတွေကြောင့် စိတ်ညစ်စရာမှတ်ဥာဏ်တွေကိုလျော့ကျစေတယ်လို့ဆိုပါတယ်။
နိုက်ထရပ် အောက်ဆိုဒ်ကို မေ့ဆေးအဖြစ် ၁၈၄၀ခုနှစ်တည်းက စသုံးခဲ့ပြီး သွားဘက်ဆိုင်ရာ အရေးပေါ်ကုသမှုတွေမှာ ထုံဆေးတွေ အဖြစ်လည်းသုံးပါတယ်။

နိုက်ထရပ်အောက်ဆိုဒ်က အပန်းဖြေရာမှာသုံးတဲ့ မူးယစ်ဆေးအဖြစ် ကျော်ကြားပြီး အသုံးပြုသူတွေက အဲဒီဓာတ်ငွေ့ကို ဘောလုံး ဒါမှမဟုတ် အခြားကိရိယာတစ်ခုကို သုံးပြီး ရှုရှိုက်ကြပါတယ်။
သုတေသနပြုလုပ်ရာမှာ ကျန်းမာတဲ့လူအယောက် ၅၀ကို လူတစ်ယောက်ရဲ့မျက်နှာကို မီးသတ်ပိုက်ရဲ့ရိုက်တဲ့ဇာတ်ကွက်နဲ့ ၁၀မိနစ်လောက်ကြာတဲ့မုဒိမ်းကျင့်တဲ့ပြကွက်ကို ပြသခဲ့ပါတယ်။

အဲဒါကိုကြည့်ပြီးတဲ့အခါ သုတေသနမှာ ပါဝင်ခဲ့တဲ့သူတွေက နိုက်ထရပ်အောက်ဆိုဒ် သို့မဟုတ် အောက်စီဂျင်ကို မိနစ်၃၀လောက် ပေးရှုဖို့တောင်းဆိုခဲ့ပါတယ်။ပြကွက်တွေကို ကြည့်ပြီးနောက်နေ့မှာ နိုက်ထရပ်အောက်ဆိုဒ်ကို ရတဲ့သူက ရေးရေးလောက်ပဲမှတ်မိပြီးအောက်ဆီဂျင်ကိုရတဲ့သူက တစ်ဝက်လောက်မှတ်မိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

“နိုက်ထရပ်အောက်ဆိုဒ်က ဆေးပညာမှာ အကိုက်အခဲပျောက်ဆေး ထုံဆေးတွေအဖြစ် သုံးရုံသာမကဘဲအရေးပေါ်ဌာနတွေမှာ သုံးကြပါတယ် သုံးရတာလွယ်ကူပြီးစီမံဖို့ လွယ်ကူတယ်လို့ “ University college of Londonက ပရော်ဖက်ဆာDr.Sunjeex Kambojက သတင်းစာစောင်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

“နိုက်ထရပ်အောက်ဆိုဒ်ရဲ့ ရေရှည်အကျိုးဆက်တွေနဲ့ လူနာတွေကို ဘယ်လိုပေးရမလဲဆိုတာစဉ်းစားဖို့လိုတယ်”လို့သုတေသနပညာရှင်တွေက ဆိုပါတယ်။University College of Londonရဲ့ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Dr.Raviကတော့ “ကျွန်တော်တို့ ဒါကိုတကယ်သာလုပ်နိုင်ခဲ့ရင် အချိန်နဲ့ပမာဏမလိုဘဲ အသုံးဝင်နိုင်မယ် တကယ်ကို စိတ်လှုပ်စရားပါ “လို့ ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ