ကင်ဆာရောဂါရှိမရှိ စစ်ဆေးသိရှိနိုင်မယ့် အက်ပလီကေးရှင်းကို ဆေးပညာရှင်တွေအတွက် ထုတ်လုပ်



စကော့တလန်နိုင်ငံက နည်းပညာအဖွဲ့အစည်းတစ်ခုဟာဆိုရင်တော့ ကင်ဆာရောဂါရှိ မရှိကို ပြောပြပေးနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ ဒီရဲ့ အက်ပလီကေးရှင်းဟာဆိုရင်တော့ အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး offline အနေနဲ့ အသုံးပြုနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီ app ကတော့ ကျန်းမာရေးဆိုင်ရာ သုတေသီတွေ ၊ ဒေါက်တာတွေနဲ့ လူနာတွေအတွက် ရေးဆွဲပေးထားတာပါ။ ပိုပြီး လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် စစ်ဆေးပေးသွားမှာပါ။ ကင်ဆာရောဂါဖြစ်နေတယ်လို့ ထင်ရတဲ့ အကြောင်းအချက်တွေကိုလည်း ဒီ app က ပြောပြမှာပါ။ ”
“ကင်ဆာရောဂါရဲ့ လက္ခဏာတွေကို စောစောသိနိုင်လေ အသက်ရှင်ဖို့ အခွင့်အရေးများလေပါပဲ။ ကင်ဆာရောဂါမရင့်သေးဘဲနဲ့ ဂရုမပြုမိတာကြောင့် သေဆုံးမှုတွေကို လျှော့ချပေးနိုင်မှာပါ။ ” လို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ဒေါက်တာ ဒေါက်ဂလပ်စ်က ပြောပါတယ်။

ဒီအက်ပလီကေးရှင်းဟာဆိုရင်တော့ လူတွေနဲ့ ကင်ဆာရှိမရှိစစ်ဆေးနေရမှုကို လျှော့ချပေးနိုင်မှာဖြစ်ပြီး လူနာရဲ့ ဆီး ၊ သွေး စတဲ့ အရာတွေကို အလိုအလျောက်စစ်ဆေးပေးသွားမှာပါ။ ပြီးရင်တော့ ထွက်ရှိလာတဲ့ ရလဒ်ပေါ်ကိုမူတည်ပြီးတော့ ကင်ဆာရောဂါ လက္ခဏာတွေ ရှိနေ / မရှိနေဆိုတာကို အက်ပလီကေးရှင်းက ရာနှုန်းပြည့်မှန်ကန်အောင် စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ