နားအတွင်းကို သန့်ရှင်းဖို့ ၀ါဂွမ်းတံကို အသုံးပြုတာက ဆိုးဝါးတဲ့ အကြံညဏ်ဖြစ်ဟုဆို


နားမှာ အညစ်အကြေးတွေ ပိတ်ဆို့နေတဲ့အခါ ၀ါဂွမ်းတံကိုသုံးပြီး သန့်ရှင်းတတ်ကြပါတယ် ဒါပေမယ့် အဲဒီအချက်က နားကို ဆိုးဝါးစေပြီး အကြားအာရုံပြသနာတွေကို ဖြစ်ပေါ်စေပါတယ်။

နားကြပ်တံတွေကို နားထဲကို တည့်တဲ့အခါ ထိပ်ဖူးက အညစ်အကြေးတွေနဲ့နားထဲက အဆီတွေကို နားပြွန်ကတစ်ဆင့်နားစည်ထဲကို ကျသွားစေပြီး နားစည်ကိုထိခိုက်စေပါတယ်။နားထဲက အညစ်အကြေးတွေများလာတာက နားစည်ရဲ့အရေပြားကို မတုန်ခါစေတော့ဘဲ အကြားအာရုံပြသနာတွေဖြစ်လာစေပါတယ်။

“ကျွန်တော်တို့နားတွေကို ကိုယ်တိုင်သန့်ရှင်းဖို့ ဒါတွေမလိုပါဘူး”လို့ Oxford University ဆေးရုံက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လူနာလမ်းညွှန်တစ်ခုမှာတော့ “အကယ်၍ ၀ါဂွမ်းတံ ဒါမှမဟုတ် တခြားအရာတွေက သင့်နားကို သန့်ရှင်းဖို့သုံးတဲ့အခါ အဲဒါတွေက နားရဲ့သဘာဝအလျောက် သန့်ရှင်းတဲ့စနစ်ကို ထိခိုက်စေပါတယ်။

" နားထဲကအရေပြားက ရွေ့လျားခါးပတ်တစ်ခုလို လုပ်ဆောင်နေပါတယ်။ အဲဒီအရေပြားကနားပြွန်ထဲက အစအနတွေအကုန်လုံးကို နားစည်တစ်လျှောက်သယ်ဆောင်သွားတယ် နားပြွန်ထဲက အညစ်အကြေးတွေကို သန့်ရှင်းတဲ့အခါ သင့်ကို တစ်သက်လုံး နားမကြားစေရုံသာမက နားပြွန် ဒါမှမဟုတ် နားစည်ကိုပါ ပျက်စီးစေပါတယ်။ သယ်ပို့တဲ့အရာက အလုပ်မလုပ်တဲ့အခါ နားမှာ အညစ်အကြေးတွေ စုပုံလာတာကို တွေ့ရမှာ ဖြစ်ပြီး အကောင်းဆုံးကတော့ ဆရာဝန်ဆီသွားပြီး ရိုးရှင်းတဲ့ နည်းလမ်းနဲ့ နားတွေကိုသန့်ရှင်းဖို့ပါ” လို့ဖော်ပြထားပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ