နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲက ရှောင်ရှားသင့်တဲ့ အစားအစာ (၆)မျိုး



နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲက အချို့ဟာ ရှောင်ရှားသင့်တယ်လို့ အစာအဆိပ်သင့်တာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

အစာအဆိပ်သင့်တာတွေနဲ့ ပတ်သက်ပြီးနှစ်ပေါင်းနှစ်ဆယ်ကြာအောင် အလုပ်လုပ်ခဲ့တဲ့ ရှေ့နေ ၀ီလျံ မာလာ (William Marler)က အောက်ပါအစားအစာတွေက ကြာရှည်စွာ မစားသင့်တဲ့အစားအစာတွေလို့ ဆိုပါတယ်။

Food Poison Journalက ဆောင်းပါးတစ်ခုမှာ သူဘယ်တော့မှ မစားတဲ့အစားအစာခြောက်မျိုးကို ဖော်ပြခဲ့ပါတယ်။



၁။ ယောက်သွား (ကမာ)အစိမ်းလိုက်

ယောက်သွားတွေဟာ  အရည်တွေစားသုံးကြပြီး သူတို့ဟာ ရေထဲက အရာမှန်သမျှ သယ်ဆောင်နိုင်ပါတယ်။
တကယ်လို့ရေထဲမှာ ဘက်တီးရီးယားတွေရှိရင် သူတို့ထဲကို အလိုအလျောက်ရောက်သွားမှာဖြစ်ပြီး လူကိုထိခိုက်စေပါတယ်လို့ မာလာကဆိုပါတယ်။

 



၂။ ကြိုတင် လှီးဖြတ်ဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံ

မာလာက ကြိုတင်ဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို ပုလိပ်ရောဂါလိုပဲ ရှောင်ကြဉ်ပါတယ်တဲ့။သူက ရေလည်းမဆေးရသေးတဲ့အပြင် မလှီးဖြတ်ထားတဲ့ အသီးအရွက်တွေကို
Listeriaလို့ခေါ်တဲ့ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ၀ယ်ပြီး သုံးနာရီကနေလေးနာရီအတွင်း စားတယ်လို့ ဆိုပါတယ်။






၃။ ပဲပင်ပေါက်အစိမ်း

၁၉၉၀အလယ်လောက်တည်းက USမှာပဲပင်ပေါက်အစိမ်းနဲ့မကျက်တကျက်ချက်ထားတဲ့ပဲပင်ပေါက်တွေကြောင့်
၃၀ထက်ပိုတဲ့ ဘက်တီးရီးယားရောဂါတွေဖြစ်ပွားခဲ့ပါတယ်။

ပဲပင်ပေါက်အမျိုးအစားအားလုံးဟာ သူတို့ရဲ့အစေ့ မသန့်ရှင်းမှုတွေကြောင့် ဘက်တီးရီးယားတွေကို ပျံ့နှံ့စေနိုင်ပြီး ရောဂါတွေဖြစ်စေပါတယ်။

 


၎။ မကျက်တကျက်အသား

 အသားတွေကို ၁၆၀ ဒီဂရီ ဖာရင်ဟိုက်အထိ ချက်ပြုတ်ဖို့လိုအပ်ပြီး ဒါမှသာ E.coli,salmonellaနဲ့တခြား ဘက်တီးရီးယားရောဂါတွေကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါအသားကို လုံးဝကျက်အောင် ချက်ပေးဖို့အမြဲသတိသင့်တယ်လို့လည်း  ဖော်ပြခဲ့ပါတယ်။

 



၅။ ကြက်ဥ ၊ ဘဲဥအစိမ်း

မာလာက “ဘက်တီးရီးယားကနေ တဆင့်ကူးတဲ့ ကိစ္စက ဥတွေမှာ ဖြစ်ပျက်နိုင်ခြေက လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကထက်လျော့နည်းသွားပါပြီ ဒါပေမယ့်ကျွန်တော်ကြက်ဥ ဘဲဥတွေစားတဲ့အခါ ကျက်အောင်ပဲချက်ပါတယ်”လို့ ဆိုပါတယ်။





 



၆။ ပိုးသတ်မထားတဲ့နွားနို့နဲ့ အသီးဖျော်ရည်တွေ

နွားနို့အစိမ်းမှာ  ဘက်တီးရီးယား ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေပါဝင်နိုင်တယ်လို့ မာလာကဆိုပါတယ်။

ပိုးသတ်တဲ့အဆင့်ကို ကျော်လိုက်တာက ဘက်တီးရီးယားတွေ ကပ်ပါးကောင်တွေကို ပိုမိုတိုးပွားလာစေနိုင်ပါတယ်။


အထက်ပါ အစားအစာခြောက်မျိုးက ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် ရှောင်ရှားဖို့လမ်းညွှန်ထားတဲ့အစားအသောက်တွေဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ