ဘာသာစကားနှစ်မျိုးတတ်တဲ့ကလေးတွေက ပြဿနာဖြေရှင်းရာမှာပိုတော်


ဘာသာစကားနှစ်မျိုးပြောတတ်တဲ့ကလေးတွေဟာ ဘာသာစကားတစ်မျိုးပဲပြောတတ်တဲ့ကလေးတွေထက်စာရင် ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာ ပိုမိုသာလွန်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

သုတေသီတွေဟာ မွန်ထရီယယ်လ်နဲ့ ကနေဒါက အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုပါပြောတတ်တဲ့ ကလေး၃၉ယောက်နဲ့ ဘာသာစကားတစ်မျိုးပဲပြောတတ်တဲ့ ကလေး၄၃ယောက်တို့ကို ဆန်ဒီယေဂိုမှာ နှိုင်းယှဉ်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ ကလေးတွေရဲ့ မိဘတွေကို ကလေးအနေနဲ့ ဘာသာစကားဘယ်လောက်များများနားလည်နိုင်လဲ ဆိုတာကို မေးမြန်းခဲ့ကြပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ဝေါဟာရတွေကို အသက်နှစ်နှစ်အရွယ်မှာ သင်ကြားပြီး နောက် ၃၁လနေရင် ဦးနှောက်က ထပ်မံသင်ကြားတာဖြစ်ပါတယ်။

ဒီလေ့လာချက်ကို ကနေဒါနိုင်ငံ ကွန်ကော်ဒီယာတက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက ဆန်ဒီယေဂိုပြည်နယ်တက္ကသိုလ် နဲ့ ဆွစ်ဇာလန်နိုင်ငံဂျီနီဗာ တက္ကသိုလ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး  "ကလေးစိတ်ပိုင်းဆိုင်ရာစမ်းသပ်လေ့လာ" ဆိုတဲ့ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

သုတေသီတွေက ကလေးတွေကို ဂိမ်းကစားနည်းတစ်မျိုးနဲ့စမ်းသပ်ခဲ့ကြပြီး ဂိမ်းကစားတဲ့အတုံးတွေကို ဘယ်ဟာအကြီးလဲ၊ ဘယ်ဟာအသေးလဲ အရင်မေးပြီး ကြီးတဲ့အတုံးကို ခြင်းအကြီးမှာထည့်စေပြီး သေးတဲ့အတုံးကို ခြင်းသေးမှာ ထည့်စေခဲ့တာပါ။ ပြီးတော့ အပြန်အလှန်အနေနဲ့ သေးတဲ့အတုံးကို ကြီးတဲ့ခြင်းမှာ ကြီးတဲ့အတုံးကို သေးတဲ့ခြင်းမှာထည့်စေခဲ့တာပါ။

ဒီလိုလုပ်ဆောင်စေရာမှာ ဘာသာစကားနှစ်မျိုးတတ်တဲ့ကလေးတွေက ဒုတိယအကြိမ်ပြုလုပ်တဲ့ဂိမ်းမှာ ပိုပြီးလုပ်ဆောင်နိုင်ခဲ့ကြတာကိုတွေ့ရတာဖြစ်ပါတယ်။ သုတေသီတွေက ဘာသာစကားနှစ်မျိုးတတ်တဲ့ ကလေးတွေဟာ ဖြတ်ထိုးဥာဏ်နဲ့ တခြားစဉ်းစားတွေးခေါ်မှုပိုင်းတွေမှာလည်း အရွယ်ရောက်လာတဲ့အခါ ပိုမိုအားကောင်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ