အကြောအရွတ်များနာကျင်မှုက အဆင့် ၂ ဆီးချိုရောဂါနှင့် ဆက်စပ်မှုရှိ



လေ့ကျင့်ခန်း ပြုလုပ်တာက အဆင့်နှစ် ဆီးချိုရောဂါကို တားဆီးရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် ပြုလုပ်တာကလည်း အကြောအရွတ်များနာကျင်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းပြုလုပ်မှုကို အနှောက်ယှက်စေတယ် လို့ သုသေသနပြုသူတွေက ပြောပါတယ်။

ပြုလုပ်ခဲ့ပြီးသောလေ့လာမှုများကို အသေးစိတ်ဆန်းစစ်ချက်များအရ  Tendinopathy လို့ခေါ်တဲ့ အကြောအရွတ်တွေနာကျင်တဲ့ရောဂါရှိသူတွေက မရှိသူတွေထက် အဆင့်နှစ် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၃ဆပိုများတယ်လို့ သုသေသနပြုသူတွေက တွေ့ရှိထားကြပါတယ်။

အကြောအရွတ်ဆိုတာ အရိုးနဲ့ကြွက်သားတွေကို တွယ်ဆက်ပေးထားတဲ့ နူးညံ့လှတဲ့တစ်ရူးတွေဖြစ်ကာ အဲဒီတစ်ရူးတွေ ဒဏ်ရာရတာနဲ့ယောင်ယမ်းတာကို Tendinopathy လို့ခေါ်တာဖြစ်ပါတယ်။

များသောအားဖြင့် အလွန်အကျွံလှုပ်ရှားတာနဲ့ထပ်ကာထပ်ကာပြုလုပ်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တတ်ပါတယ်။ အကြောအရွတ်များနာကျင်မှုက လေ့ကျင့်ခန်းအစီအစဉ်တွေ မပြုလုပ်နိုင်အောင်ဖြစ်စေတတ်ပါတယ်။ လေ့ကျင့်ခန်းတွေက ဆီးချိုရောဂါထိန်းချုပ်မှုအတွက် အလွန်အရေးပါလှပါတယ်။

ဆီးချိုရောဂါနဲ့အကြောအရွတ်တွေနာကျင်မှုတို့ရဲ့ ဆက်စပ်မှုကို လေ့လာဖို့အတွက် Gaida ကောလိပ်မှကျောင်းသားတွေက အဖွဲ့ ၃၁ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ၂၆ဖွဲ့က အဆင့်နှစ် ဆီးချိုရောဂါရှိတဲ့သူတွေကို လေ့လာပြီး ကျန်တဲ့ငါးဖွဲ့ကတော့ Tendinopathy ရောဂါလက္ခဏာရှိတဲ့သူတွေကို လေ့လာပါတယ်။

သူတို့တွေ ရရှိလာတဲ့ အချက်အလက်တွေကို ပြန်လည်စုပေါင်းပြီး စစ်ဆေးတဲ့အခါမှာတော့ Gaita အဖွဲ့က ဆီးချိုရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့ယှဉ်ကြည့်လိုက်ရင် Tendinopathy ဖြစ်နိုင်ခြေ ၃.၆၇ဆ ပိုများတာကို တွေ့ရှိရပါတယ်။ Tendinopathy ရှိနေတဲ့သူတွေကတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁.၃ဆ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Foxnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ