ကိုယ်ဝန်ဆောင်စဉ် စိတ်ကျသက်သာစေတဲ့ဆေးဝါးတွေသုံးစွဲခြင်းက ကလေးငယ်ရဲ့နှလုံးရောဂါဖြစ်နိုင်မှုကို မတိုးတက်စေ



ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ကျရောဂါကို သက်သာစေတဲ့ ဆေးဝါးများသုံးခြင်းက ကလေးငယ်ရဲ့ နှလုံးကိုချို့ယွင်းမှု မဖြစ်စေနိုင်ပါဘူးလို့ England မှာ ပြုလုပ်တဲ့ လေ့လာချက်အသစ်အရ သိရှိရပါတယ်။ ဒါပေမယ့် သန္ဓေသားအပေါ်မှာ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှုကိုတော့ လေ့လာဆဲ ဖြစ်ပါတယ်။

လန်ဒန်ကောလိပ်တက္ကသိုလ်မှ သုသေသနပြုသူတွေက မွေးကာစကလေးငယ်တွေဖြစ်တတ်တဲ့ မွေးရာပါနှလုံးရောဂါချို့ယွင်းမှုတွေနဲ့ ဒီဆေးဝါးတွေနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာကို တွေ့ရှိခဲ့ကြတာက ကိုယ်ဝန်ဆောင်အမျိုးသမီးများ စိတ်ဓါတ်ကျခြင်းကို ကုသရာမှာ ကလေးငယ်တွေအတွက် ဆိုးကျိုးတွေရှိနိုင်ချေထဲက တစ်ချက်ကို ထည့်သွင်းစဉ်းစာဖို့ မလိုတော့ပါဘူးတဲ့။

 “ တစ်ချို့ အမျိုးသမီးတွေက သူတို့တွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးဝါးတွေကို သုံးသင့်တယ်လို့ ယူဆကြပြီး အမျိုးသမီးအများစုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ကျရောဂါကို သက်သာစေတဲ့ ဆေးဝါးတွေကို မမွေးဖွားရသေးတဲ့ ကလေးငယ်အပေါ် ဘေးဥပဒ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် အသုံးမပြုကြပါဘူး “ လို့ University College London က သုသေသီတစ်ယောက်ဖြစ်တဲ့ Dr. Irene Petersen ကပြောပါတယ်။

သုသေသီတွေက မွေးဖွားပြီးချင်း ငါးနှစ်အတွင်း မွေးရာပါနှလုံးပုံမှန်မဟုတ်တဲ့ ကလေးများမှာပဲ  တစ်ရာခိုင်နှုန်းတောင်မရှိကြောင်း ပြီးတော့ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးဝါးတွေ သုံးစွဲတဲ့ အမျိုးသမီးတွေ နှင့် မသုံးစွဲတဲ့ အမျိုးသမီးတွေမှာလည်း ထူးခြားတဲ့  ကွဲပြားခြားနားမှု မရှိဘူးလို့လည်း ဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ