ရင်သွေးလေးတွေကို ဘယ်အချိန်မှာ စပြီးဖြည့်စွက်စာ ကျွေးသင့်သလဲ?




အသက် ၄ လနဲ့ ၆ လအတွင်း မိမိကလေးငယ် အဆင်သင့်ဖြစ်တဲ့အချိန်မှာစပြီး ဖြည့်စွက်စာ ကျွေးလို့ရပါပြီ။ အဲ့ဒီမတိုင်ခင်တော့ မိခင်နို့ (သို့) နို့ဘူး က ကလေးအတွက်လိုအပ်သမျှ ကယ်လိုရီ နဲ့ အဟာရတွေ ကို ဖြည့်တင်းပေးပါတယ်။

ဖြည့်စွက်စာ စားဖို့ အဆင်သင့်ဖြစ်မဖြစ် အောက်ပါအချက်တွေကို ကြည့်ရူစစ်ဆေးနိုင်ပါတယ်။

ဦးခေါင်းကို တည့်မတ်စွာထားနိုင်ခြင်း -  ကလေးငယ်ဟာ သူ့ဦးခေါင်းကို တည့်မတ်စွာဖြင့် ငြိမ်ငြိမ်ထားနိုင်ဖို့လိုပါတယ်။

အစာကိုပြန်ထွေးမထုတ်ခြင်း - ကလေးငယ်ဟာ  ဖြည့်စွက်စာကို ပါးစပ်ထဲမှာထားပြီး ၀ါးစားနိုင်ဖို့အတွက် လျှာကိုအသုံးပြုကာ အစာတွေကို ပါးစပ်ထဲမှပြန်ထွေးမထုတ်ဖို့ လိုအပ်ပါတယ်။

နောက်မှီ ကူရှင်ဖြင့် ကောင်းကောင်းထိုင်နိုင်ခြင်း -  ကလေးငယ်ဟာ ခုံအမြင့်နဲ့ ထိုင်ဖို့ အဆင်သင့်မဖြစ်သေးရင် အစာကို ကောင်းကောင်း မြိုချနိုင်ဖို့ အနည်းဆုံး နောက်မှီ ကူရှင်နဲ့တော့ကောင်းကောင်းထိုင်နိုင်ဖို့ လိုအပ်ပါတယ်။

ကိုယ်အလေးချိန်တိုးလာခြင်း - ကလေးအများစုဟာ ဖြည့်စွက်စာကျွေးဖို့ဆိုရင် သူတို့မွေးစဉ်က ကိုယ်အလေးချိန်ထက် နှစ်ဆဖြစ်လာဖို့လိုပြီး အနည်းဆုံးအသက် ၄ လ ရှိရပါမယ်။

အစားအသောက်ပိုစားလိုခြင်း -  ကလေးငယ်သည် မိခင်နို့ သို့ ဖော်မြူလာ(နို့ဘူး) ကို ၈ကြိမ် မှ ၁၀ကြိမ် သောက်သုံးသော်လည်း ဆာလောင်နေတတ်တယ်လို့ ထင်ရပါမယ်။

လူကြီးတွေဘာစားလဲဆိုတာ စိတ်ဝင်စားလာခြင်း - ကလေးငယ်ဟာ လူကြီးတွေ ပုဂံထဲက အစားအသောက်ကို စိုက်ကြည့်နေတတ်ပြီး လက်နဲ့လှမ်းဆွဲယူတတ်လာမည်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Baby Centre

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ