နှစ်သစ်ကူး မှာ အရက်နာကျနေရင် ဘယ်လို သက်သာအောင် လုပ်ရမလဲ?




လူတစ်ချို့ က နှစ်သစ်ကူးပွဲတော်ကို အပျော်တမ်းည လို့ သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အားဖြင့် အရက်သောက်လေ့မရှိသူတွေပင် နှစ်သစ်ကူးညမှာ တစ်ညလုံး မူးနေအောင်သောက်ထားကြပြီး နှစ်သစ် ရဲ့  ပထမဆုံးနေ့မှာတော့ အိပ်ယာထဲလဲနေတတ်လို့ပါ။

ဒီတစ်ပတ် Reactions ဆိုတဲ့ YouTube ချန်နယ်လ် ရဲ့  ဇာတ်လမ်းတွဲမှာတော့ သူတို့ဟာ အရက်နာကျခြင်းနောက်ကွယ်က သက်ရောက်မှု အဖြစ်စေဆုံး ဓါတုပစ္စည်းတစ်မျိုးကို လေ့လာခဲ့ကြပြီး ဘယ်လို ကုသ ရမယ်ဆိုတဲ့ သဲလွန်စတွေကို ဖော်ပြခဲ့ကြပါတယ်။

အရက်နာကျခြင်းရဲ့ သက်ရောက်မှုတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှု ရှိပါတယ်။ ဒါပေမယ့်လည်း ယေဘူယျအားဖြင့်တော့ စတင်အရက်သောက်သုံးပြီး ၈ နာရီကနေ ၁၆ နာရီ အကြားမှာ အရက်နာကျခြင်း ကို ခံစားရလေ့ရှိပါတယ်။ အရက်နာကျခြင်း ရဲ့  မနှစ်မြို့ ဖွယ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ သောကများနေခြင်း ၊ မအီမသာ ဖြစ်နေခြင်း ၊ ပျို့ ခြင်အန်ခြင် စိတ်ဖြစ်နေခြင်းတို့ပါ။

သင်အရက်သောက်လိုက်တဲ့အခါမှာ ထို ယမကာဟာ သင့်ရဲ့ အသည်းကို ဖြတ်သန်းသွားပြီး ADH နဲ့ ALDH ဆိုတဲ့ ဓါတ်ပြောင်းအကူဒြပ် ၂ မျိုးက ထို ယမကာ ကို လောင်ကျွမ်း ချေဖျက် စေပါတယ်။ ADH ကတော့ ထို ယမကာ ကွန်ပေါင်းတွေကို အက်ဆီတယ်ဒ်ဟိုဒ်ဆိုတဲ့ ဓါတု ဒြပ်ပေါင်းတစ်မျိုးအဖြစ် ပြောင်းလဲစေပြီး ထို ဒြပ်ပေါင်းဟာ အဆိပ်တစ်ခု အဖြစ် ပြောင်းလဲသွားပါတယ်။ ALDH ကတော့ ယမကာ ကွန်ပေါင်းတွေကို အက်ဆီတိတ် အဖြစ်ပြောင်းလဲပြီး ထို အက်ဆီတိတ်က တဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေတွေအဖြစ် ပြောင်းလဲသွားစေပါတယ်။

လေ့လာမှုများစွာက ပြသခဲ့တာကတော့ အက်ဆီတယ်ဒ်ဟိုဒ် ပမာဏ များပြားနေခြင်းဟာ အမြင်အာရုံ အားနည်းစေခြင်း ၊ မှတ်ဥာဏ် ချို့ ယွင်းစေခြင်း ၊ ပါးစပ် ခြောက်ကပ်ခြင်း ၊ မောပန်းခြင်း နဲ့ အခြား ပင်ပန်းတဲ့ ခံစားမှုတွေကို ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။

အရက်နာကျခြင်းကို ဖြေရှင်းဖို့အတွက် Reaction အဖွဲ့ရဲ့  အကောင်းဆုံး အကြံဥာဏ်ကတော့ မနက်စာအတွက် ကြက်ဥ ကို စားသုံးပေးပါတဲ့။ ကြက်ဥတွေဟာ L-cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးကို စုစည်းပေးနိုင်အားကောင်းပါတယ်။ ထို အက်ဆစ်ဟာ သင့်ရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အက်ဆီတယ်ဒ်ဟိုဒ် တွေကို ဖယ်ရှားပေးပြီး အရက်နာကျခြင်း ရောဂါလက္ခဏာတွေကိုလည်း သုတ်သင်ပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေများများသောက်ပေးပါ။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ အရက်နာကျခြင်းရဲ့  ဘုံအဖြစ်ဆုံး လက္ခဏာပါ။ အရက်အလွန်အကျွံသောက်ခြင်းဟာ vasopressor ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ကျောက်ကပ်အတွင်းမှာ ခမ်းခြောက်သွားစေပါတယ်။ ထို ဟော်မုန်းဟာ သင့်ကျောက်ကပ်ရဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လောက်ထိ တောင့်ခံပေးနိုင်သလဲဆိုတာကိုဖန်တီးပေးပါတယ်။ ဒါကြောင့် ရေသောက်ရင် ပြန်မူးသွားတယ်ဆိုပေမယ့်လည်း ရေသောက်ပေးခြင်းဟာ သင့်ရဲ့ ကျောက်ကပ်ကို ပြန်လည် ကောင်းမွန်လာစေနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ သင်ဟာ နှစ်သစ်ကူးပွဲတော်ကို တစ်ညလုံးနီးပါးဖြတ်သန်းထားရပြီး မနက်ပိုင်းမှာလည်း လုံလောက်စွာ မအိပ်လိုက်ရပဲ အလုပ်ကိစ္စ ရှိနေတဲ့အခါမျိုးမှာ ရုတ်တရတ် ထလာရတဲ့အတွက် သင့် ရဲ့ ဦးနှောက်ဟာ သာမန်အတိုင်းလှုပ်ရှားနိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် အာရုံကြောဆိုင်ရာ လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေဖို့ကတော့ အချိုမှုန့် ကို အနည်းငယ်စားသုံးပေးဖို့လိုပါလိမ့်မယ်။

အရေးအကြီးဆုံးအနေနဲ့ သတိပြုရမှာကတော့ အရက်မသောက်ခင်မှာ အစာအနည်းငယ်စားပေးပါ။ အစာမရှိပဲ အရက်သောက်ခြင်းဟာ သင့်အစာအိမ်ကို သင်ဖျက်ဆီးနေခြင်းသာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်အားလုံး ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ