၂၀၅၀ ခုနှစ်ကစပြီး တစ်နှစ်ကို ကမ္ဘာ့လူဦးရေ ၆.၆ သန်းခန့် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနိုင်





လေထုညစ်ညမ်းမှုကြောင့် သက္ကရာဇ် ၂၀၅၀ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့  လူပေါင်း ၆.၆ သန်းလောက်သေဆုံးရမှာဖြစ်ပြီး ယခုနှုန်းထားထက် ၂ ဆ လောက်မြင့်တက်သွားနိုင်ခြေ ရှိကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

ယခုအချိန်မှာ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကို လူပေါင်း ၃.၃ သန်းဝန်းကျင်သေဆုံးနေရပြီး သေဆုံးမှု အများစုက အာရှတိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

အရွယ်မတိုင်မီသေဆုံးမှုရဲ့ အဓိကလေထုညစ်ညမ်းပစ္စည်းနှစ်မျိုးဟာ PM 2.5 လို့ ခေါ်တဲ့ အမှုန်အမွှားလေးတွေနဲ့ အဆိပ်ဖြစ်နိုက်ထရိုဂျင်ဒိုက်အောက်ဆိုဒ် NO2 ဓာတ်ငွေ့ ကြောင့် ဖြစ်ပါတယ်။ ဒီ လေထုညစ်ညမ်းစေတဲ့ပစ္စည်းနှစ်မျိုးလုံးဟာ ဒီဇယ်ကားတွေ၊လော်ရီတွေ၊ဘတ်စ်ကားတွေနဲ့ စက်ရုံတွေက ထွက်ရှိတာဖြစ်ပါတယ်။

အိမ်ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေဖြစ်တဲ့ အိုဇုန်းဓာတ်ငွေ့ နဲ့ အချင်း ၂.၅ မိုက်ခရိုမီတာထက်သေးတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့အမှုန်လေးတွေဟာ လူတစ်ယောက်မှာရှိတဲ့အဆုတ်ရဲ့ အကန့် တွေနဲ့ ကြီးထွားမှုကို ထိခိုက်ပျက်စီးစေနိုင်ပြီး အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါအပါအ၀င် တခြားနာမကျန်းရောဂါတွေကို ဆက်စပ် ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါပေမယ့် လေထုညစ်ညမ်းမှုရဲ့ အကျိုးသက်ရောက်မှုတွေကို တစ်ကမ္ဘာလုံးဆိုင်ရာစကေးနဲ့ တွက်ချက်ဖို့  ရာမှာ တစ်ချို့ ဒေသတွေရဲ့ လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးထားမှုမရှိတာကြောင့် အခက်အခဲ တွေ့ နေရပြီး ဒီအမှုန်တွေရဲ့ အဆိပ်သင့် အန္တရာယ်ဖြစ်မှုကလည်း အမှုန်ထွက်ရှိတဲ့ အရင်းအမြစ်ပေါ်မှာ မူတည်ပြီးကွဲပြားမှုတွေ ရှိတယ်လို့ လည်းဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ မှာ အပူပေးစနစ်နဲ့ ချက်ပြုတ်မှုတွေက ထွက်ရှိတဲ့ အိမ်တွင်းစွမ်းအင်ထုတ်လွှတ်မှုတွေက ကျန်းမာရေးကို သက်ရောက်မှုအကြီးမားဆုံးဖြစ်ပြီး အမေရိကန်နဲ့ တစ်ချို့နိုင်ငံတွေမှာတော့ ၊ ယာဉ်နဲ့ စွမ်းအင်သုံးစွဲမှုတွေက အဓိကအကျဆုံးဖြစ်ကာ ဥရောပမှာတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အဆိပ်ရှိအမှုန်အမွှားတွေအများဆုံး ထုတ်လုပ်လျက်ရှိ ကြောင်း သိရှိရပါတယ်။

ကွန်ပြူတာအခြေခံခန့်မှန်းတွက်ချက်မှုတွေအရ၊ အိမ်ပြင်ပလေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုဟာ သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ တစ်နှစ်ကို ၆.၆ သန်းအထိ နှစ်ဆမြင့်တက်နိုင်ပြီး အရှေ့တောင်အာရှ ဒေသနဲ့  ပစိဖိတ်အနောက်ပိုင်းဒေသတွေမှာ သေဆုံးမှုတိုးမြင့်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ