အလွန်ဝရာမှ အလွန်လှရာသို့ ပြောင်းလဲသွားတဲ့ အမျိုးသမီး


ဝတဲ့လူတွေကမလှလို့စိတ်ညစ်တတ်ကြပါတယ်၊ အဲ့ဒီလိုအမျိုးသမီးတွေဘာမှ စိတ်ညစ်စရာမလိုတော့ပါဘူး၊ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ဗြိတိန်ကအမျိုးသမီးက သက်သေပြလိုက်ပါပြီ၊ အရင်ကအရမ်းဝခဲ့တဲ့ အမျိုးသမီးလေးဟာ အခုတော့ လူတိုင်းငေးယူရမယ့်အလှတရားတွေပိုင်ဆိုင်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ၊


အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တမ်က Hannah Hindmarsh ဆိုတဲ့ အသက်၂၆နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ ၂၀၀၈ခုနှစ်တုန်းက ခန္ဓာကိုယ်အလေးချိန် ၂၁၇ပေါင်ထိရှိခဲ့လို့ အ၀လွန်တဲ့ရောဂါဖြစ်ခဲ့ပြီး ဆေးရုံတင်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်၊


အခုတော့သူဟာ ပြန်လည်ကျန်းမာလာခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲသွားပုံကို အားလုံးတအံ့တသြဖြစ်ခဲ့ကြပါတယ်၊ သူဟာအခုဆို Instagram မှာ Follower ပေါင်း နှစ်သောင်းကျော်ရှိလာခဲ့ပါတယ်၊


သူက 'လွန်ခဲ့တဲ့ ခုနှစ်နှစ်ကထက်စာလို့ရှိရင် ကျွန်မဟာ မယုံနိုင်စရာကောင်းလောက်အောင် အလေးချိန်လျော့ကျသွားခဲ့ပါတယ်၊ အခုဆို ကျွန်မကဘယ်သူမှမလုပ်နိုင်တဲ့ ထောင်ချောက်ထဲကနေထွက်လာနိုင်ခဲ့လို့ ကျွန်မကပိုပြီးဂုဏ်ယူခဲ့တာပါ၊' လို့ဆိုပါတယ်၊


Hannah ဟာ ဘာဂါ၊ ကြက်ဥကြော်၊ ကြက်အူချောင်းဆင်းဒွစ်၊ အကြော်တွေ၊ ပေါင်မုန့်နဲ့ထောပတ်၊ ချိုချဉ်၊ ချောကလက်၊ ဘီစကွတ်မုန့်ထုတ်တွေနဲ့ အမျိုးမျိုးသောSnack တွေကိုစားသောက်ခဲ့လို့ အခုလိုဝလာခဲ့ခြင်းဖြစ်ပါတယ်၊ ကြက်အူချောင်း၊ ချိစ်နဲ့ ပေါင်မုန့်ဖြူတွေကို ကျွန်မအရမ်းကြောက်သွားခဲ့တယ်လို့ သူကဆိုပါတယ်၊

သူကအထူးကုဆရာဝန်ဆီမှာ ကုသခဲ့ရပြီး ၂၀၁၃ ဖေဖော်ဝါရီလမှာ GYM စဆော့ခဲ့ပါတယ်၊ အခုလို လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာတာက လေ့ကျင့်ခန်းကိုမှန်မှန်လုပ်ခြင်းက သူ့လျို့ဝှက်ချက်ပါပဲ၊ ကျွန်မရဲ့ အဓိကပန်းတိုင်က တော့ကျွန်မရဲ့ အရမ်းများပြားတဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလျှော့ချပစ်ဖို့အတွက် GYM ဆော့ခဲ့တာပါလို့ဆိုပါတယ်၊



အခုတော့ Hannah ဟာ ခန္ဓာကိုယ်ဝိတ် ပေါင် ၁၅၀ကျော်သာရှိတော့သလို အ၀တ်အစားတွေကိုလဲ ဆိုက် ၈လောက်ထိဝတ်လာလို့ရတယ်လို့ဆိုပါတယ်၊ အခုတော့ မနက်စာအဖြစ် ဆန်ပြုတ်နဲ့ အသီးအနှံတစ်မျိုး၊နေ့လည်စာအဖြစ် ဆော်လမွန်ငါးနဲ့ အသုပ်တစ်မျိုးမျိုး၊ ညစာအဖြစ် ကြက်သားကင်၊ ကန်စွန်းဥနဲ့ အစိမ်းရောင်အရွက်စတဲ့ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုပဲစားတော့တာဖြစ်ပါတယ်၊

အခုတော့ အင်္ဂလန်မှာ သူ့ကိုမသိတဲ့သူမရှိလောက်အောင်နာမည်ကြီးပြီး အလှဘုရင်မလေးတစ်ပါးလို့တောင်တင်စားနေကြတာပါ၊ ဒါကြောင့် ၀ိတ်ဘယ်လောက်များများ မလျှော့နိုင်တော့ဘူးလို့ထင်နေတဲ့လူတွေအတွက် သူကအဓိကသာဓကတစ်ခုလို မျက်လှည့်ပြနိုင်ခဲ့ပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref : Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ