ကလေးငယ်တွေကို အသက် ၆ လလောက်ကစပြီး သွားကျန်းမာရေး ဂရုစိုက်သင့်



ဆေးပညာရှင်တွေက ကလေးငယ်တွေဟာ သွားပေါက်ခါစအရွယ် အသက် ၆ လလောက်ကတည်းက ဖလိုရိုက်ပါတဲ့ သွားကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးသင့်တယ်လို့ အကြံပေးထားပါတယ်။

American Association of Pediatric Dentists က ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ ကြေညာချက်အတိုင်း မိဘတွေအနေနဲ့ ကလေးတွေရဲ့ သွားတွေကို မွေးပြီးစကာလတွေကတည်းက ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးသင့်ကြောင်း AAP က အကြံပေးထားတာဖြစ်ပါတယ်။

 “ ဖလိုရိုက်သုံစွဲပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်တာဟာ သွားနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှုတွေအတွက် စိတ်ချရပြီး အလွန်ထိရောက်တဲ့ သက်သေသာရကတွေဟာ အထင်အရှားပဲဖြစ်ပါတယ်”
အသက် ၆ လကနေ ၅ နှစ်အတွင်း ၃နှစ်အရွယ်အထိ ကလေးငယ်တွေရဲ့ သွားတွေကို သွားတိုက်တံနုနုလေးနဲ့ သွားတိုက်ပေးနိုင်ပြီး ၃ နှစ်ကနေ ၆ နှစ်အတွင်း ကလေးတွေကိုတော့ ပဲစေ့ ခန့် ပမာဏရှိတဲ့ သွားတိုက်ဆေးကို အသုံးပြု တိုက်ပေးသင့်တယ်လို့ ဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ