ဒဏ်ရာရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်း ၆၀ ကျော်ကို လိင်အင်္ဂါ အစားထိုးကုသပေးနိုင်ပြီ
Johns Hopkins University မှ ဆရာဝန်တွေဟာ Iraq နဲ့ Afghanistan ရှိ စစ်ပွဲတွေမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်း ၆၀ ကျော်ကို လိင်အင်္ဂါအစားထိုးကုသပေးရတော့မှာ ဖြစ်ပါတယ်။
ပထမဆုံး ခွဲစိတ်ကုသမှုဟာ မိသားစု ခွင့်ပြုချက်ရရှိပြီးသူ အလှူရှင်တစ်ယောက်ကို ရှာဖွေနိုင်ဖို့ ဆရာဝန်တွေရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပြီး လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့လည်း သိရပါတယ်။
ပထမဆုံး ခွဲစိတ်မှုကို United States မှာ စတင်ပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကမ္ဘာပေါ်မှာတော့ ပထမဆုံးအကြိမ် အစားထိုးကုသမှုတော့ မဟုတ်ပါဘူး။ ပထမဆုံး ခွဲစိတ်အောင်မြင်မှုက မတ်လအတွင်း South Africa မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် အမေရိကန်တပ်နဲ့အတူ Afghanistan စစ်ပွဲမှာ ခြေထောက် ၂ဖက်၊ ဘေလုံးတစ်လုံး ဆုံးရှုံးခဲ့ရတဲ့ Sgt. First Class Aaron Causey က Times ကို သူ့ရဲ့ဒဏ်ရာတွေအတွက် စမ်းသပ်ကုသမှုဟာ အကြီးဆုံးပြဿနာဖြစ်တယ်လို့ ပြောပြသွားပါတယ်။
“ ခင်ဗျားက စစ်သားလား၊ ပြည်သူလား၊ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး၊ ဒီလို ဒဏ်ရာရတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ပိုတဲ့ နာကျင်မှုပဲဗျ” လို့ သူက ဆိုပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Upi
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin