ရေယုန်ပိုးနဲ့ လုပ်ထားတဲ့ ထိုးဆေးက အရေပြားကင်ဆာကို ကုသပေးနိုင်ပြီ



ရေယုန်ပိုးနဲ့ လုပ်ထားတဲ့ အရေပြားကင်ဆာ ပျောက်ဆေးတွေကို ဗြိတိန်မှာ ပထမဆုံးအနေနဲ့ ရရှိပြီလို့ သတင်းရရှိပါတယ်။

ဒီထိုးဆေးဟာ ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပါတယ်။ ကင်ဆာဆဲလ်တွေကို နှိမ်နင်းဖို့အတွက် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်ကိုပဲ အသုံးပြုထားတာပါ။

ဒီထိုးဆေးဟာ အဆိုးရွားဆုံးအဆင့်ရှိတဲ့ အရေပြားကင်ဆာတွေကိုတောင် ကုသပေးနိုင်ပြီး တစ်နှစ်ကို အရေပြားကင်ဆာလူနာပေါင်း ၁၀၀၀ ကျော်ကို ကုသပေးနိုင်ဖို့ အလားအလာရှိကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

သူတို့သာ ထိထိရောက်ရောက်ကုသမယ်ဆိုရင်၊ အရေပြားကင်ဆာကြောင့် ဆုံးပါးလုနီးပါး နာမကျန်းဖြစ်နေတဲ့ သူတွေကိုတောင် ဒီဆေးထိုးပေးရင် အနည်းဆုံး ၃နှစ်နဲ့အထက် အသက်ထပ်ဆက်ပေးနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

တစ်နှစ်ကို အရေပြားရောဂါဖြစ်သူပေါင်း ၁၃၅၀၀ ခန့်ရှိပြီး အရေပြားရောဂါနဲ့ သေဆုံးသူပေါင်း ၂၂၀၀ ရှိပါတယ်။

ဒီထိုးဆေးကို ဥရောပဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ကနေ အတည်ပြုပြီးဖြစ်ပါတယ်။

( Skyler )



#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ