ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး အယ်လ်ဇိုင်းမားကာကွယ်ပေးတဲ့ ငါးအဆီ



ငါးအဆီထဲမှာ အိုမီဂါ-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာ ပါရှိတဲ့အတွက်ကြောင့် သက်ကြီးပိုင်းတွေရဲ့ ဦးနှောက်ထုထည်ကို ပိုကြီးလာစေပြီး အယ်လ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသီတွေက သက်သေပြခဲ့ပါတယ်။ ငါးအဆီစားခြင်းဟာ ဦးနှောက်ကျန်းမာရေးကို တစ်နှစ်၊နှစ်နှစ် ထိန်းသိမ်းတာနဲ့ ညီမျှတယ်လို့လည်း Neurology ဂျာနယ်မှာ ဖတ်ရပါတယ်။

ဦးနှောက် ထုထည်ကျုံ့လာခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါလက္ခဏာ တစ်ရပ်ပါပဲ။ အသက်ကြီးလာရင်လည်း ဦးနှောက် ထုထည်ကျုံ့လာတာပါပဲ။

ဒီတော့ ငါးအဆီပါတဲ့ ငါးကို တစ်ပတ်နှစ်ကြိမ် စားပါလို့ အကြံပြုချင်ပါတယ်။ အိုမီဂါ-3 အက်ဆစ်ထဲမှာ ပါရှိတဲ့ docosahexaenoic အက်ဆစ် (DHA)ဟာ ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့တစ်ခုဆက်သွယ်မှုကို အားပေးပါတယ်။

အိုမီဂါ-3 အက်ဆစ် အကြွယ်ဝဆုံး ငါးတွေကတော့ herring လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ် ငါးသလောက်၊ မက်ကရယ်ငါး နဲ့ ဆာဒင်းန်ငါး တွေပဲဖြစ်ပါတယ်။

( Skyler )



#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ