ကလေးငယ်တွေကို အိမ်အပြင်ဘက်မှာ ဆော့ကစားစေခြင်းဟာ အနီးမှုန်ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်




အိမ်အတွင်းပိုင်းမှာ မဟုတ်တဲ့ ပြင်ပနေရာ တစ်ခုမှာ ဆော့ကစားခြင်းဟာ ကလေးတွေ ရဲ့ အမြင်အာရုံကို ထိခိုက်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြင်ပ မှာ တစ်နေ့ကို မိနစ် ၄၀ ခန့် ဆော့ကစားပေးခြင်းဟာ ကျောင်းနေအရွယ် ကလေးငယ်တွေ အနီးမှုန် ရောဂါ ဖြစ်ပွားခြင်းကနေ ၂၃ ရာခိုင်နှုန်းတိတိ လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့် ပြင်ပ မှာဆော့ကစားခြင်းက အနီးမှုန်ရောဂါ ကို ကာကွယ်ပေးနိုင်တာလဲ?

လေ့လာမှု တစ်ခုက ဆွေးနွးခဲ့ဖူးတာကတော့ လူတွေရဲ့ မျက်လုံး ရဲ့ ဖွံ့ဖြိုးမှု ဟာ နေရောင်ခြည် တောက်ပမှု နဲ့ ဆက်စပ်နေပါတယ်။ အခု သုတေသန အသစ်ဟာလည်း အရှေ့တောင်အာရှမှာ အနီးမှုန်ရောဂါ ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကလေးငယ် တွေများပြားလာမှု ကြောင့် ပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံက အထက်တန်း ကျောင်းသား ၈၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ဖြစ်နေကြပြီး ထို ဖြစ်စဉ်ဟာလည်း တစ်ဖြည်းဖြည်းခြင်း ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသ တို့မှာပါ အဖြစ်များလာတာကို တွေ့ရပြန်ပါတယ်။ လက်ရှိမှာတော့ အနီးမှုန်ရောဂါ နဲ့ ပတ်သက်ပြီး ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လက်တလော ပြုလုပ်ထားတဲ့ လေ့လာမှု တွေအရ အပြင်ဘက်မှာ အချိန်ကုန်ဆုံးခြင်းဟာ အနီးမှုန် ရောဂါ အခြေအနေ ရဲ့ ဖွံ့ဖြိုးလာမှု ကို နှေးကွေးစေနိုင်တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုဟာ တရုတ်နိုင်ငံ တောင်ပိုင်း က Guangdong ဒေသ မှာ ရှိတဲ့ Guangzhou မြို့ က ကျောင်းတစ်ခုမှာ ကလေးတွေကို ၃ နှစ်တိတိ မိနစ် ၄၀ စာ အပြင်ဘက်ထွက်ပြီး လှုပ်ရှားမှု ပီတီချိန် သတ်မှတ်ပေးခဲ့ပါတယ်။ ထို ကလေးငယ်တွေရဲ့ ပျမ်းမျှ အသက်ကတော့ ၆ နှစ်ဖြစ်ကြပြီး မိဘတွေကိုလည်း စနေ ၊ တနင်္ဂနွေ နဲ့ အားလပ်ရက်တွေမှာပါ အပြင်ဘက် ထွက်ပြီး ဆော့ကစား ခွင့်ပေးဖို့ကို ညွှန်ကြားခဲ့ပါသေးတယ်။

ထို လေ့လာမှုမှာတော့ မူလတန်းကျောင်း ၆ ကျောင်းမှာ ရှိတဲ့ အဖွဲ့ ၁၂ ဖွဲ့က ကျောင်းသားငယ် ၈၅၃ ယောက် ပါဝင်ခဲ့ပါတယ်။ ထို ကျောင်း ၆ ကျောင်းက ကလေးငယ်တွေရဲ့ အနီးမှု နှုန်းဟာ ၃၉.၅ ရာခိုင်နှုန်းရှိခဲ့ပြီး နေ့စဉ် အပြင်ဘက် ကို ၄၀ မိနစ် ခန့် ထွက်နေစေပြီးတဲ့နောက် ၁ နှစ်အကြာမှာတော့ ၃၀.၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။

ဒါကြောင့် Guangzou မြို့ ၊ ဆွန်ယက်ဆင် တက္ကသိုလ် က ဒေါက်တာ Mingguang He က တော့ "အပြင်ဘက်မှာ ကလေးတွေအချိန်ကုန်ဆုံးစေခြင်းဟာလည်း အနီးမှုန်ရောဂါ ကို ၉.၁ ရာခိုင်နှုန်း လျော့ကျစေခဲ့ပါတယ်။ ဒါကြောင့် ၃ နှစ်ခန့် အကြာမှာတော့ ၂၃ ရာခိုင်နှုန်း ခန့် လျော့ကျသွားပါတယ်။"  လို့ ပြောပြခဲ့ပါတယ်။

ထို လေ့လာမှု ကို JAMA ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ