ချောင်းဆိုးပျောက်ဆေး အလွန်အကျွံသုံးစွဲက ဦးနှောက်ပျက်နိုင်



အိပ်ငိုက်စေတဲ့ codeine ပါသော ချောင်းဆိုးပျောက်ဆေးတွေ အလွန်အကျွံသောက်ခြင်းဟာ အန္တရာယ်ရှိကြောင်း ဆရာဝန်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ အဆိုပါ ချောင်းဆိုးပျောက်ဆေးတွေကို ၁၅ရက်တာ သောက်သုံးပြီးတဲ့အခါမှာ ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ခဲ့ပါတယ်။

Codeine ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေး၊ အအေးမိပျောက်ဆေးတွေဟာ များသောအားဖြင့်တော့ ဆရာဝန်ဆေးစာ မပါဘဲနဲ့ အလွယ်တကူ မရရှိနိုင်ပါဘူး။ ဒါပေမဲ့ Codeine ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေမှာ အကျိုးအာနိသင် နည်းကြောင်း ဆရာဝန်တွေက သတိပေးထားပါတယ်။

ကျန်းမာတဲ့ ၁၄နှစ်အရွယ်ကောင်မလေး ချောင်းဆိုးပျောက်ဆေးကို အလွန်အကျွံသောက်ပြီးနောက် ဆရာဝန်တွေ ဝေခွဲမရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒီကောင်မလေးဟာ codeine ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို တစ်နေ့ ၂ဇွန်း ၃ဇွန်းနှုန်းနဲ့ ၁၅ရက်ကြာ သောက်ခဲ့ပြီးနောက် Irish ဆေးရုံက A&E ဌာနမှာ ကုသမှု ခံယူခဲ့ရပါတယ်။ သူမဟာ ရေမချိုးရသေးဘဲ ရေချိုးပြီးပြီလို့ ထင်မြင်နေတာမျိုးဖြစ်ကာ အသိဉာဏ်ဝေဝါးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ တစ်နေ့ကို နာရီ ၂၀ အိပ်ကာ အာရုံစိုက်မှု နည်းပါးလာပြီး ခေါင်းလည်း မကြာခဏ ကိုက်လာပါတယ်။

အချိန်နဲ့အမျှ သူမဟာ မှတ်ဉာဏ်သစ်တွေ ဖန်တီးနိုင်စွမ်းမရှိတော့ပါဘူး။ ဆီးစစ်ဆေးရာမှာလည်း တခြားဘာဆေးဝါးမှ မတွေ့ရှိရဘဲ Codeine တွေကိုသာ တွေ့ရှိခဲ့ရပါတယ်။

အသက် ၁၈နှစ်အောက် ကလေးတွေကို Codeine ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးအရည် မတိုက်သင့်ဘူးလို့ ဗြိတိန် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန် စည်းကမ်းသတ်မှတ်ရေး အစိုးရအဖွဲ့ကနေ အကြံပြုထားပါတယ်။

( Skyler )



#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ