HIV ရှိ ငယ်ရွယ်သောလိင်တူချစ်သူတွေဟာ အကာအကွယ်မဲ့လိင်ဆက်ဆံမှုကို ပိုနှစ်သက်



လိင်ဆက်ဆံဖက်မှာ HIV ရောဂါပိုးမရှိရင်တောင် HIV ရောဂါပိုးရှိတဲ့ ငယ်ငယ်ရွယ်ရွယ် လိင်တူချစ်သူတွေနဲ့ လိင်နှစ်ခွချစ်သူ အမျိုးသားတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ပိုပြီးပြုလုပ်ကြကြောင်း လေ့လာမှုသစ်တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုတဲ့ လူငယ် အမျိုးသား အများစုဟာ HIV ရောဂါပိုးကို နိုင်နင်းဖို့အတွက် ဆေးကုသမှု မခံယူကြပါဘူး။ ရလဒ်အနေနဲ့ သူတို့ကတဆင့် လိင်ဆက်ဆံဖော်တွေဆီကို ရောဂါကူးဖို့ ပိုများသွားတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

HIV ကို ကုသရာနဲ့ ၄င်းကုသမှုတွေကို တိုးတက်အောင်လုပ်ဆောင်ရာမှာ အလုပ်လက်မဲ့ဖြစ်မှု၊ ပညာရေးနဲ့ စိတ်ကျန်းမာရေးတို့ကလည်း အရေးကြီးကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ဦးဆောင်သုတေသီ Patrick Wilson ကပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၂ရာခိုင်နှုန်းဟာ လိင်တူချစ်သူတွေနဲ့ လိင်နှစ်ခွချစ်သူတွေ ဖြစ်ကြပြီး ၂၀၁၄ခုနှစ် မှတ်တမ်းအရ ၄င်းတို့ရဲ့ ၆၇ရာခိုင်နှုန်းဟာ HIV ရောဂါပိုးရှိကြကြောင်း HIV Surveillance Report ကနေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ HIV ရောဂါပိုးရှိသူ လူဦးရေရဲ့ ၂၅ရာခိုင်နှုန်းဟာ လူငယ် လိင်တူချစ်သူတွေ ဒါမှမဟုတ် လိင်နှစ်ခွချစ်သူ အမျိုးသားတွေဖြစ်ကြောင်း သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ