3D ဗီဒီယို ဂိမ်းတွေဆော့ခြင်းဟာ မှတ်ဥာဏ် ပိုမို ကောင်းမွန်စေနိုင်




Angry Birds ဆိုတဲ့ ဂိမ်း ကို ဆော့ရင်း တစ်နေကုန်သွားတာ သင့်အတွက် ပျော်ဖို့ကောင်းချင်ကောင်းနေမှာပါ။ ဒါပေမယ့်လည်း ၃ ဖက်မြင် ကွန်ပျူတာ ဂိမ်းတွေဖြစ်တဲ့ Super Mario 3D World (သို့) Batman Arkham Asylum တို့လို ဂိမ်းတွေ ဆော့ခြင်းဟာ သင့်ရဲ့ မှတ်ဥာဏ်ကို ပိုပြီး ကောင်းမွန်စေမှာပါ။

ကယ်လီဖိုးနီယား Irvine တက္ကသိုလ်မှာ ရှိတဲ့ သုတေသီတွေဟာ 3D ဗီဒီယို ဂိမ်းတွေဆော့တဲ့ လူတွေဟာ မှတ်ဥာဏ် စစ်ဆေးမှု အပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက် တွေရှိခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုဟာ ရူးသွပ်မှုနဲ့ မှတ်ဥာဏ်ဆုံးရှုံးမှု စတဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ်နိုင်ဖို့လည်း ချဉ်းကပ်မှု အသစ်တွေ အဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်။ ကယ်လီဖိုးနီယား Irvine တက္ကသိုလ် ရဲ့ အာရုံကြောဇီဝဗေဒ စင်တာမှာရှိတဲ့ ပရော်ဖက်ဆာ Craig Stark နဲ့ Dane Clemenson တို့ဟာ ဂိမ်းလုံးဝ မဆော့တဲ့ ကျောင်းသားတွေကို ၂ ပတ်တိတိ တစ်နေ့ကို နာရီဝက်ခန့် ဗီဒီယို ဂိမ်းဆော့ဖို့ ညွှန်ကြားခဲ့ပါတယ်။

တစ်ချို့ ကျောင်းသားတွေကိုတော့ ပေါ်ပြူလာ 2D ဂိမ်းတစ်ခုဖြစ်တဲ့ Angry Birds ဂိမ်းကို ပေးဆော့ခဲ့ပြီး အခြား ကျောင်းသားတွေကိုတော့ 3D ဂိမ်းဖြစ်တဲ့ Super Mario 3D World ကို ဆော့စေခဲ့ပါတယ်။ အားလုံးဟာ ၂ ပတ်တာ ဂိမ်းမဆော့ခင် နဲ့ ဆော့အပြီး အချိန်တွေမှာ မှတ်ဥာဏ်စစ်ဆေးမှု ပြုလုပ်ခြင်း ခံခဲ့ရပါတယ်။

သုတေသီတွေဟာ Scan တွေကို အသုံးပြုပြီး ဦးနှောက်ရဲ့ မှတ်ဥာဏ်တည်ဆောက်ရာနဲ့ သင်ကြားခြင်း ရဲ့ ဧရိယာဖြစ်တဲ့ Hippocampus ကို စစ်ဆေးမှုတွေနဲ့ ဆန်းစစ်လေ့လာခဲ့ပါတယ်။ ထိုစစ်ဆေးမှုတွေဟာ အမြင်နဲ့ အကွာအဝေးဆိုင်ရာ မှတ်ဥာဏ်တွေကို အဓိက ပစ်မှတ်ထားခဲ့ပြီး နေ့စဉ်တွေ့မြင်ခဲ့ရတဲ့အရာတွေနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို ကျောင်းသားတွေက ပြန်ပြောပြခဲ့ရပါတယ်။

ထို ကျောင်းသား အဖွဲ့ ၂ ဖွဲ့ ရဲ့ ရလဒ်တွေဟာ သိသိသာသာကွာခြားမှုရှိခဲ့ပါတယ်။ ၃ ဖက်မြင် 3D ဂိမ်းတွေ ဆော့ခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မှတ်ဥာဏ်ဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး 2D ဂိမ်းဆော့တဲ့ သူတွေမှာတော့ ဘာပြောင်းလဲမှု မှမရှိခဲ့ပါဘူး။ သုတေသီတွေ ပြောပြခဲ့တာကတော့ အခုလို ရှာဖွေတွေ့ရှိခဲ့မှု ဟာ လူတွေ အသက်ကြီးလာတဲ့အခါ hippocampus ရဲ့ လုပ်ောဆင်ချက်တွေ ခိုင်မာ အောင် ၊ ကောင်းမွန်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေတွေ့ရှိလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ