အသည်းအဆီဖုံးခြင်းအတွက် သဘာဝဆေးနည်းများ


အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်းစသည်တို့ကြောင့် ဖြစ်ရပါတယ်။

အသည်းအဆီဖုံးရောဂါကို ခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆိုလာကြသည့်အတွက် ကျန်းမာရေးသတင်းများမှ ဆေနည်းများကို မျှဝေပေးလိုက်ပါတယ်။

ဆေးနည်း (၁)

၁။ တောင်ဆီးဖြူပင်၏ အရွက်ကို လက်တစ်ဆုပ်ခန့် ရေနှင့် ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။

၂။ ဆေးသောက်ပြီးလျှင် ချောကလက်ကို ၂ ထောင့်ခန့် စားပေးပါ။

၃။ နာရီဝက်ခန့်ကြာသောအခါ ကျွဲကောသီး ၂ စိတ် စားပေးပါ။

ဆေးသောက်ပြီး ချောကလက်စားပေးခြင်းဖြင့် အသည်းမှာ ချောကလက်နှင့် အဆီများအတူတူ ရောပြီး ကပ်ငြိနေလိမ့်မည်။ ကျွဲကောသီးက ၄င်းအဆီများကို ဆေးကျောပေးသွားလိမ့်မည်။ တစ်လခန့် နေ့စဉ် သောက်ပေးပါက အသည်းအဆီဖုံးရောဂါ သက်သာပျောက်ကင်းသွားပါမည်။

ဆေးနည်း (၂)

မြန်မာ့ရိုးရာဆေးကျမ်းများမှာ " အသည်းအူ လဲလူ " ဟု ရေးထားပါသည်။ အသည်းရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အင်မတန် ဆေးစွမ်းထက်ပါတယ်။

၁။ လဲလူရွက်ကို ပဉ္စငါးပါးလုံး လက်တစ်ဆုပ်ခန့် ခူးယူ၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။

၂။ လဲလူရွက်အနုများကို ဟင်းချိုချက်သောက်ပေးပါ။ ပြုတ်၍ တို့စရာအဖြစ် စားပါ။ ငါးရံနှင့်ရော၍ ချက်စားပါ။

ဆေးနည်း (၃)

လိမ္မော်သီး မကြာခဏ စားပေးပါ။

အနောက်တိုင်း စကားပုံတစ်ခုမှာ " လိမ္မော်ရည်များသည် ဘုရားကျောင်းမှ ပရိသတ်ရည်ကဲ့သို့ ဆေးစွမ်းထက်၏" ဟု ဆိုထားသလို လိမ္မော်သီးဟာ လူ့တို့၏ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးပါတယ်။

လိမ္မော်သီးဟာ အသည်းအဆီဖုံး၊ အသည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ် ကျောက်တည်ရောဂါများကိုလည်း သက်သာစေပါတယ်။

လူသားတိုင်း ရောဂါကင်းဝေးပြီး ပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။

နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ