ဘာစီလိုနာအသင်းအနိုင်ဂိုးရပြီးနောက် မက်ဆီရေဘူးဖြင့်ပေါက်ခံရ

မက်စ်တဲလားကွင်းတွင် အိမ်ရှင်ဗလင်စီယာအသင်းကို ဘာစီလိုနာ အနိုင်ဂိုးသွင်း ပြီးနောက် တိုက်စစ်မှူး မက်ဆီသည်ရေဘူးဖြင့်ပစ်ပေါက်ခံ ခဲ့ရကြောင်း သိရသည် ။

ဘာစီလိုနာသည် သာမန်ပွဲချိန်အတွင်း ဂိုးသွင်း နိုင်ခဲ့ခြင်းမရှိဘဲ ထပ်ဆောင်း အချိန်ပိုသုံးမိနစ်တွင် ဘက်စ်ကွက်၏ တစ်လုံး တည်းသောဂိုးဖြင့် ဗလင်စီယာ ကိုအနိုင်ရခဲ့ခြင်းဖြစ်သည်။

အနိုင်ဂိုးရပြီးနောက် ဗလင်စီယာ ဂိုးဧရိယာနောက် တွင် ဘာစီလိုနာ အသင်းသားများအောင်ပွဲခံခဲ့ပြီး ဗလင်စီယာ အသင်းပွဲကြည့် စင်ပေါ်မှ ဗလင်စီယာပရိသတ်တစ်ဦးပစ်ပေါက်လိုက် သည့်ရေဘူးမှာ မက်ဆီ၏ ဦးခေါင်းကိုထိမှန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အဆိုပါပွဲစဉ်၌ဘာစီလိုနာတိုက်စစ်မှူးး နေမာကဗလင်စီယာနောက်ခံလူ အော်တာမန်ဒီကို ခေါင်းဖြင့်တိုက်ခဲ့ဖွယ်ရှိကြောင်း ဒေးလီး မေးလ်သတင်းစာကဖော်ပြခဲ့သည်။

အော်တာမန်ဒီသည် ဂိုးဧရိယာ အတွင်း လဲကျခဲ့သော နေမာကို ရန်လိုသည့် အပြုအမူလုပ်ခဲ့ပြီး နေမာ က ၄င်းကို ခေါင်းဖြင့်ဆောင့်တိုက်ခဲ့ဖွယ် ရှိကြောင်းသိ ရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ