ပရိသတ်အချင်းချင်းခိုက်ရန်ဖြစ်မှုကြောင့် ဒီပို့တီဗိုပရိသတ်တစ်ဦးသေဆုံး

အက်သလက်တီကိုနှင့် ဒီပို့ တီဗိုတို့ကစားခဲ့သည့် လာလီဂါပွဲ စဉ် တွင် နှစ်ဖက် အသင်းပရိသတ် များခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒီပို့တီဗို ပရိသတ်တစ်ဦး သေဆုံး ခဲ့ကြောင်း MSC သတင်းဌာနက ဖော်ပြ သည်။

အသက်(၄၃)နှစ်အရွယ်ရှိ အဆိုပါပရိသတ်သည် ရန်ပွဲတွင် ဦးခေါင်းဒဏ်ရာရခဲ့ပြီး အက်သ လက်တီကိုအိမ်ကွင်း ကယ်ဒါရွန် အနီးရှိမြစ်အတွင်းသို့ ကျခဲ့ကြောင်း သိရသည်။

၎င်းကိုမြစ်အတွင်းမှ ဆယ်ယူခဲ့ပြီးနောက် နှလုံးရောဂါ၊ ကိုယ်ပူချိန် အလွန်အမင်း ကျဆင်း မှုများရှိနေသည့်အတွက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံ တွင် သေဆုံးသွားခဲ့သည်။

အက်သလက် တီကိုအသင်း နှစ်ဂိုးပြတ်အနိုင်ရခဲ့ သည့် အဆိုပါပွဲစဉ်မတိုင်မီ နှစ် ဖက်အသင်းပရိသတ်များအကြီး အကျယ်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲမေ တစ်ဦးအပါအဝင် လူ ၁၁ ဦးဒဏ် ရာရခဲ့ကြောင်း သိရသည်။

ရန်ပွဲ ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ လူ ၂ဝကို ဖမ်းဆီးထိန်းသိမ်းထားသည် ဟု မက်ဒရစ်ရဲတပ်ဖွဲ့ကအတည် ပြုသည်။ အက်သလက်တီကို အမှု ဆောင်ချုပ်မာရင်က''ဘောလုံး လောကမှာလုံးဝမရှိသင့် တဲ့အကြမ်း ဖက်မှုတွေဖြစ်ပွားခဲ့လို့ တုန်လှုပ်မိ ပါတယ်။ အခုလို အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့သူတွေကို ဖော်ထုတ်ပြီး နောက်တစ်ခါဒီလို အဖြစ်အပျက်မျိုးထပ်မဖြစ်အောင် ပြင်းပြင်းထန်ထန် အရေးယူဖို့လို အပ်ပါတယ်''ဟု ပြောသည်။

ဒီပို့တီဗိုနည်းပြ ဖာနန်ဒက်စ် က အကြမ်းဖက်လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ကြောင်း၊စပိန်ဘောလုံး လောက အတွက် ဝမ်းနည်းစရာ အကောင်းဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ပြောသည်။

အက်သလက်တီကိုသည် နီ ဂက်ဇ်၊ အာဒါတူရန်တို့၏ ဂိုးများ နှင့်အတူ ဒီပို့တီဗိုကို အနိုင်ရခဲ့ခြင်း ကြောင့် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ခြောက်ပွဲတွင် ငါးပွဲအနိုင်ရ ခဲ့ပြီး အဆင့်(၃) နေရာတွင်ဆက် လက်ရပ်တည်နေသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ