နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ ရေရှည် မျက်စိ မှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။
• Blurry Vision မျက်စိမှုံမယ်၊
• Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။
• Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။
• Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။
• Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။
• New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။
• အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။
- ဆီးချို၊
- ဆေးလိပ်၊
- အရက်၊
- ထိခိုက်မိတာ၊
- Corticosteroids (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊
- နေရောင်၊ ဓါတ်ရောင်ခြည်သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။
Eye exam မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်စေပြီးမှ စမ်းရမယ်။
• Surgery for Cataracts ခွဲစိတ်ကုသခြင်း၊ အကြည့်ကို မျက်မှန်နဲ့ မမြင်ရတော့ရင် ခွဲစိတ်ရမယ်။ ဆေးရုံမတက်ဘဲလဲခွဲလို့ရတယ်။
• Types of Cataract Surgery ခွဲစိတ်နည်း ၂ နည်းရှိတယ်။
Phacoemulsification (Phaco) နည်းကို အများဆုံးသုံးတယ်။ lens မှန်ဘီလူးကို Ultrasound waves နဲရှင်းပေးပြီး ထုတ်ပြစ်တယ်။ Intraocular lens (IOL) ကိုအစားထိုးပေးမယ်။ extracapsular cataract surgery နည်းမှာ ဒါးရာပိုကြီးရတယ်။
• Cataract Surgery Innovations ခွဲစိတ်နည်းသစ်တွေလဲရှိလာတယ်။
• What t- Expect After Surgery
ခွဲပြီးစမှာ အလင်းရောင်ကို ကောင်းကောင်းအထိမခံနိုင်သေးဘူး။ နေကာမျက်မှန်တပ်ရမယ်။ အနာကျက်ဘို့ရာ ၈ ပါတ်လောက် ကြာနေမယ်။ ကြည့်ရတာတော့ ချက်ချင်းဆိုသလို ကောင်းလာမယ်။
• Cataract Surgery Risks
ခွဲပြီး အဆင်မသင့်ဖြစ်တာ ရှားပါတယ်။ သွေးယိုတာ၊ ပိုးဝင်တာ၊ မျက်စိဖိအားပြောင်းသွားတာတွေ ဖြစ်ချင် ဖြစ်နိုင်တယ်။ Retinal detachment ဆိုတာဖြစ်ရင် ချက်ချင်းကုသရမယ်။ ထပ်ခွဲရတတ်တာလဲရှိနိုင်တယ်။ after-cataract ဖြစ်တာကို Laser လေဆာနဲ့ ကုသနိုင်တယ်။
• Should You Have Cataract Surgery? တိမ်ဖြစ်လာလို့ ချက်ချင်းလဲ ခွဲချင်မှ ခွဲရတယ်။
• Tips t- Prevent Cataracts ကာကွယ်ဘို့ရာ-
- Don't smoke ဆေးလိပ်မသောက်ပါနဲ့၊
- Always wear a hat or sunglasses in the sun နေကာမျက်မှန်တပ်ပါ။
- Keep diabetes well controlled ဆီးချို ရှိရင် ထိန်းနေပါ။
- Limit alcohol consumption အရက် မသင့်ပါ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025
Cataract မျက်စိတိမ်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin