အကယ်ဒမီရသည်ဖြစ်စေ မရသည်ဖြစ်စေကျေနပ်နိုင်အောင် အစောကတည်း ကပြင်ဆင်ထားပါတယ်ဆိုတဲ့ အကယ်ဒမီ ပြေတီဦး
Tuesday, November 18, 2014 15:08(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
၂ဝ၁၃ ခုနှစ် အကယ် ဒမီပေးပွဲမှာ အကယ်ဒမီ ရသည်ဖြစ်စေ မရသည် ဖြစ်စေ ကျေနပ်နိုင်အောင် အစကတည်းက ပြင်ဆင် ထားပါတယ်ဟု အကယ် ဒမီပြေတီဦးကပြောသည်။''ဒီနှစ်မှာ အစ်ကို့ ဇာတ်ကားပါပေမယ့် အကယ် ဒမီရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ ကျေနပ်ပါ တယ်။ အစ်ကိုကနေပြီး တော့ အစွမ်းကုန်ကြိုးစား ထားပါတယ်။ ရတယ် ဆိုရင်လဲ အရမ်းကိုပျော် မှာပါ။ မရဘူးဆိုရင်လဲ ကျေနပ်နိုင်အောင် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု ဆိုသည်။ယခုနှစ်အကယ်ဒမီပေးပွဲကို ရုပ်ရှင်အစည်းအရုံးကဦးစီးပြီး ကျင်းပမည့်အပေါ် အကောင်းဆုံးတွေဖြစ်လာမယ်လို့ မျှော်လင့်မိကြောင်းကို ၄င်းက''ရုပ်ရှင်အစည်း အရုံးကနေဦးဆောင်ပြီး အကယ်ဒမီပေးတာက ဒါပထမဦးဆုံးအကြိမ်ပါ။ ပထမ ဦးဆုံးအကြိမ်ဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်မယ်လို့ယုံကြည်တယ်။ အဲဒီတော့ ခေတ်တစ်ခု၊ စနစ်တစ်ခု၊ အသစ် တစ်ခုဖြစ်သွားတဲ့နေရာမှာ ကောင်းတာတွေရှိသလို လိုအပ်ချက်တွေလဲရှိနေဦးမှာပါ။ အစ်ကိုတို့တစ်တွေက ဒီလောကသားတွေဖြစ်နေတဲ့အတွက် ဒါတွေကို အပြစ်ပြော နေလို့မရဘဲ ဘာတွေကို အကောင်းဆုံးဖြစ်အောင် တက်တက်ကြွကြွနဲ့ ပူးပေါင်းပြီး လုပ်သွားသင့်တယ်လို့ထင်ပါတယ်''ဟု ပြောသည်။ အကယ်ဒမီပြေတီဦးသည် လတ်တလောအနေနဲ့ ဒါရိုက်တာမိုးကြိုးနဲ့ 'အက်စစ် ဆူး'ဆိုတဲ့ဇာတ်ကားကို မင်းသမီးအိချောပိုနှင့်တွဲဖက်ရိုက်ကူးလျက်ရှိသည်။
စုမွန်ထွေး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin