Miss International အလှမယ် ပြိုင် ပွဲ တွင် ရွေး ချယ် ခံ ထား ရ သည့် အလှမယ် ခင်ဝေဖြိုးဟန် အစား 1st Runner Up ဆုရှင် မေဘရဏီသော် အစားထိုးကာ ယှဉ်ပြိုင်မည်


ဂျပန်နိုင်ငံ၌ ကျင်းပမည့် Miss International အလှမယ်ပြိုင်ပွဲကို အချိန်တစ်လ ခန့်စော၍ ကျင်းပလိုက်သဖြင့် အသက်ပြည့်ရန် ရက် ၂ဝလိုနေသေးသော မြန်မာ ကိုယ်စားပြု အလှမယ် အဖြစ် ရွေးချယ် ခံထားရသည့် အလှမယ် ခင်ဝေဖြိုးဟန်၏ နေရာ၌ 1st Runner Up ဆုရရှိခဲ့သော မေဘရဏီသော်ကို အစားထိုးကာ ယှဉ်ပြိုင် စေမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ခုနှစ် Miss International အလှမယ်ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Grand Prince Hotel Takanawa၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၇၆နိုင်ငံမှ အလှမယ်များ ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။ ခင်ဝေဖြိုးဟန်သည် အင်တာနေရှင်နယ် ကျောင်း၌ Grade -12 တက်ရောက်နေသူ ကျောင်းသူ တစ်ဦး ဖြစ်၍ ၎င်း၏ အင်္ဂလိပ်စာ အရည်အသွေးကို ပရိသတ်များက အားရ ကျေနပ်ခဲ့ကြသော်လည်း ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် အသက် ၁၈နှစ်ပြည့်ရန် ရက် ၂ဝလိုနေသေး သဖြင့် ယခုကဲ့သို့ 1st Runner Up ဆုရရှိခဲ့သော မေဘရဏီသော်ကို အစားထိုးကာ ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ၂ဝ၁၄ ခုနှစ် Miss International အလှမယ်ပြိုင်ပွဲကို အစားထိုးယှဉ် ပြိုင်ခွင့် ရရှိခဲ့သည့်အပေါ် မေဘရဏီသော်က ''ညီမအနေနဲ့ ဒီအကြောင်းကို သိလိုက်ရတဲ့ အချိန်မှာ အရမ်းကို အံ့သြသွားတယ်။

သူငယ်ချင်း ခင်ဝေဖြိုးဟန် အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်။ သူက ဒီပြိုင်ပွဲအပေါ် အရမ်းအာရုံ စိုက်ပြီး အစွမ်းကုန် ကြိုးစားတယ်။ ဒီကြားထဲမှာ အခြား အလုပ် တွေတောင် လက်မခံဘဲ ဒီအလုပ် တစ်ခုကိုပဲ အာရုံစိုက်ခဲ့တယ်။ အဲဒါကြောင့် သူ့အတွက် အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုသွားရောက် ယှဉ်ပြိုင်ရမယ် ဆိုတဲ့ အပေါ်မှာတော့ စိတ်လှုပ်ရှားမိတယ်။ ပြိုင်ဖို့က အချိန်တစ်လပဲ ရှိတော့တယ်။ အဲဒီအချိန် အတွင်းမှာ ကိုယ့်နိုင်ငံ ကိုယ်စားပြု အနေနဲ့ အစွမ်းကုန်တော့ ကြိုးစားပြီး အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ညီမအနေနဲ့ ကတော့ အရင်ကပြိုင်ခဲ့တဲ့ မနန်းခင်ဇေယျာနဲ့ မဂုဏ်ရည်အေးကျော်တို့ရဲ့ အကြံပေးမှုကိုလည်း ယူတယ်။ ပြိုင်ပွဲအတွက် လိုအပ်တဲ့ အချက်အလက်တွေ ရဲ့ List တွေကိုလည်း သူတို့က ပေးတဲ့အတွက် အဲဒီအတိုင်းလည်း စီစဉ်ထားပါတယ်။ ညီမအနေနဲ့ လုံးဝပြည့်ပြည့်စုံစုံ မဖြစ်ရင်တောင် ကိုယ့်နိုင်ငံအတွက် ကြိုးစား သွားမှာပါ'' ဟု ပြောကြားခဲ့သည်။

Miss International အလှမယ်ပြိုင်ပွဲသို့ ယခုတစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှုသည် မြန်မာနိုင်ငံ အနေဖြင့် တတိယ အကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် နန်းခင်ဇေယျာနှင့် ၂ဝ၁၃ ခုနှစ်တွင် ဂုဏ်ရည်အေးကျော်တို့က မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ