အာရှယူ-၁၆ အမျိုးသမီးခြေစစ်ပွဲမြန်မာအမျိုးသမီးအသင်း နိုင်ပွဲဆက်

နေပြည်တော် အောက်တိုဘာ ၇

အာရှယူ-၁၆ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု (ဃ)ပွဲစဉ်များ ကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ တွင် ကျင်းပရာ မြန်မာယူ-၁၆ အမျိုး သမီးအသင်းက ကမ္ဘောဒီးယားအသင်း ကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။

အုပ်စု (ဃ)၏ အခြားပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းက ဖိလစ်ပိုင် အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၆၆ မိနစ်တွင် သင်းသင်းယု၊ ၇၄ မိနစ်တွင် ကေဇင်မြင့်၊ ၇၅ မိနစ် တွင် ဂျူလိုင်ကျော်နှင့် ၈၂ မိနစ်တွင် ခိုင်သဇင်ဦးတို့က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းမှာ ပထမပွဲတွင် ဖိလစ်ပိုင်ကို ခြောက်ဂိုးပြတ်အနိုင် ရရှိထားကာ နှစ်ပွဲကစား နှစ်ပွဲနိုင်ဖြင့် တရုတ်(တိုင်ပေ)နှင့်အတူ ခြောက်မှတ် စီရရှိထားသည်။ မြန်မာအသင်းမှာ နောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၉ ရက်တွင် တရုတ်(တိုင်ပေ)နှင့် ကစားရ မည်ဖြစ်သည်။

သတင်း - စိုးညွန့်
ဓာတ်ပုံ - ဘောလုံးအဖွဲ့ချုပ်

The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ