ပရီးမီယာလိပ်ပွဲစဉ် ၇ မန်ယူ၊ စပါးနှင့် ချယ်လ်ဆီးတို့အနိုင်ရ

မန်ချက်စတာ အောက်တိုဘာ ၅

ပရီမီယာလိဂ်ပွဲစဉ်(၇) တနင်္ဂနွေ နေ့ အစောဆုံးပွဲဖြစ်သည့် မန်ယူနှင့် အဲဗာတန်တို့ ယှဉ်ပြိုင်ကစားရာ မန်ယူက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ရှိသည်။ မန်ယူအသင်းတွင် ဗန်ပါစီ နှင့် ဖယ်လ်ကာအိုတို့ တိုက်စစ်၌ ဦးဆောင်ခဲ့ပြီး ကွင်းလယ်တွင် ဒီမာ ရီယာ၊ ဗလင်စီယာ၊ မာတာတို့နှင့် အတူအဓိကကစားသမားများ ပါဝင်ကစားခဲ့သည်။
မန်ယူအသင်းသည် ပွဲစသည် နှင့် အဲဗာတန်ဘက်သို့ ဖိကစားခဲ့ ပြီး အဲဗာတန်အသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားခဲ့သည်။ မန်ယူအတွက် ပထမဂိုးကို ပွဲချိန် ၂၇မိနစ်တွင် ဒီမာရီယာက သွင်းယူ ပေးသည်။ ပွဲချိန် ၄၅ မိနစ်တွင် မန်ယူနောက်တန်းလူလုခ်ရှော၏ဖျက်ထုတ်မှုကြောင့် မန်ယူတို့ ပယ်နယ်တီ အပေးခံရသည်။ အဆိုပါ ပယ်နယ်တီကို အဲဗာတန် တောင်ပံကစားသမားလေတန်ဘိန်းစ်ကကန်သွင်းသော်လည်း ဂိုးသမားဒီဂီယာ ပုတ်ထုတ် ကာကွယ်ခဲ့သည်

ပထမပိုင်းအပြီး မန်ယူတို့ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။ ဒုတိယပိုင်းတွင် မန်ယူတို့ ကသာ အဲဗာတန်ဘက်သို့ ဖိကစား ခဲ့သည်။

၅၂ မိနစ်တွင် ဖယ်လ်ကာအို အဲဗာ တန်ဂိုးဧရိယာအတွင်း ကန်သွင်းချက်မှာ နောက်ခံလူနှင့်ထိ၍ တစ်ဂိုး နစ်နာခဲ့သည်။

အဲဗာတန်အတွက် ချေပဂိုးကို ၅၅ မိနစ်တွင် လေတန်ဘိန်းစ်၏ ပေးပို့မှုမှတစ်ဆင့် နေးလ်စမစ်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ၅၈ မိနစ် တွင်အဲဗာတန်တို့ ထောင့်ကန်ဘောမှ ကန်သွင်း ချက်ကို ဖယ်လ်ကာအိုက ဂိုးစည်းထိပ်မှ ဖျက်ထုတ်ခဲ့ရသည်။

၆၂ မိနစ်တွင် ဒီမာရီယာ၏ ပေး ပို့မှုမှတစ်ဆင့် ဖယ်လ်ကာအိုက မန်ယူအတွကဒုတိယဂိုးသွင်းယူခဲ့ သည်။ အဆိုပါ ဂိုးမှာ ဖယ်လ်ကာ အိုအတွက် မန်ယူရောက်ရှိပြီး နောက် ပထမဆုံးသွင်းယူခဲ့သည့် ဂိုးဖြစ်သည်။

မန်ယူတို့ပွဲပြီးခါနီးတွင် အဲဗာ တန်တို့၏ ဖိကစားမှုကို ခံရပြီး ၈၆ မိနစ်တွင် အော့စမန် ကန်သွင်းချက် ကို ဒီဂီယာဖမ်းမိခဲ့သည်။ လေလွင့် အစားထိုးချိန်တွင် အော့စမန်၏ ထပ်မံကန်သွင်းမှုကိုလည်း ဒီဂီယာ ပုတ်ထုတ်ကာကွယ်ခဲ့သလို အိုဗီဒို ၏ကန်သွင်းမှုကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရသည်။ မန်ယူတို့ ယခု ပွဲ အနိုင်ရရှိမှုမှာ ဂိုးသမား ဒီဂီယာ ၏ လက်စွမ်းပြမှုနှင့် ကွင်းလယ်လူ ဒီမာရီယာ၏ ခြေစွမ်းပြနိုင်မှုကြောင့် အနိုင်ရရှိခြင်းဖြစ်သည်။

မန်ယူဘက်မှ ရွန်းနီ ပွဲပယ်ပြစ် ဒဏ်ကြောင့် မပါဝင်နိုင်ဘဲလုခ်ရှော၊ ဖယ်လ်ကာအိုနှင့် ဗလင်စီယာတို့ လူစားလဲခံရပြီး ဘလက်ကတ်၊ ဂျိမ်း ဝီဆင်နှင့် ဖယ်လိုင်နီတို့ ဝင်ကစား ခဲ့သည်။ အဲဗာတန်ဘက်မှ အော့စမန်၊ ဘရောင်နင်း၊ အိုဗီဒိုတို့ လူစားလဲ ဝင်ကစားသည်။ မန်ယူတို့ ပြီးခဲ့သည့်ပွဲတွင် ဝက်စ်ဟမ်းကို နှစ် ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ယခုပွဲတွင်လည်း အဲဗာတန်ကို ထပ်မံအနိုင် ရရှိသဖြင့် နည်းပြ ဗန်ဟားလ် လက်ထက် ပရီမီယာလိဂ် နှစ်ပွဲဆက် အနိုင်ရရှိခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မန်ယူတို့ အဲဗာတန်ကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ ရသော်လည်း ယခုနှစ်တွင်မူ မန်ယူတို့ အိမ်ကွင်း၌ အနိုင်ရရှိပြီဖြစ် သည်။

အခြားပွဲများဖြစ်သည့် စပါးနှင့် ဆောက်သမ်တန်တို့ပွဲတွင် စပါးက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ စပါးအတွက် နိုင်ဂိုးကို အဲရစ် ဆင်က မိနစ် ၄ဝ တွင် သွင်းယူပေး သည်။

ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ လန်ဒန်ဒါဘီပွဲမှာ အကြိတ် အနယ်ရှိခဲ့ပြီး ချယ်လ်ဆီးက နှစ် ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးအတွက် အနိုင်ဂိုးများကို ပထမပိုင်း ၂၇ မိနစ်တွင် ဟာဇက်က ပယ်နယ်တီမှ သွင်းယူပေးသည်။ ဒုတိယဂိုးကို ကော်စတာက ၇၈ မိနစ်တွင် သွင်းယူပေးသည်။ ယခုပွဲအနိုင်ကြောင့် ချယ်လ်ဆီးတို့ ၁၉ မှတ်ဖြင့် ဇယားထိပ်၌ ဦးဆောင် နေသည်။

သီဟ ရေးသည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ