ကားလ်ဖရန်တန် IBF ချန်ပီယံဖြစ်လာ





 မြောက်အိုင်ယာလန် လက်ဝှေ့သမား ကားလ် ဖရန်တန်သည်IBF စူပါဘင်တန်ဝိတ်တန်းတွင် စပိန် လက်ဝှေ့သမား ကီကိုမာတီနက်ဇ်အား ဘဲလ်ဖတ်မြို့ ၌ ထိုးသတ်အနိုင်ယူလိုက်သည်။ ပရိသတ်အင်အား ၁၆ဝဝဝ လာရောက်ကြည့်ရှု အားပေးခဲ့သည့် ယင်း လက်ဝှေ့ပြိုင်ပွဲတွင် ဖရန်တန်က ပွဲစဉ်တစ်လျှောက် ထိန်းချုပ်ထိုးသတ်နိုင်ခဲ့ပြီး ငါးချီမြောက်တွင် လက်ရှိ ချန်ပီယံ မာတီနက်ဇ်ကို အလဲထိုးချနိုင်ခဲ့သည်။ မာတီနက်ဇ်၏ ကြံ့ကြံ့ခံထိုးသတ်မှုကို ဒိုင်လူကြီးများ က ချီးကျူးခဲ့ရသော်လည်း နောက်ဆုံးတွင် ဒိုင်လူကြီး သုံးဦးစလုံးက ၁၁၉-၁ဝ၈ ၊ ၁၁၉-၁ဝ၈၊ ၁၁၈-၁၁၁ မှတ်တို့ဖြင့် အနိုင်ပေးလိုက်သည်။ အသက်၂၇ နှစ် ရှိ ဖရန်တန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အဆိုပါ ဥရောပချန်ပီယံသရဖူကိုရရှိရန် မာတီနက်ဇ် ကို အလဲထိုးချနိုင်ခဲ့သော်လည်း ဒိုင်လူကြီးများက စပိန်လက်ဝှေ့သမားကို အမှတ်ဖြင့် အနိုင်ပေးခဲ့ သည်။ ''ဒီကနေ့တော့ ကျွန်တော်ချန်ပီယံဖြစ်သွားပါ ပြီ'' ဟု ဖရန်တန်က ဟြေသည်။

ကောင်းမြတ်သူ

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ