Ladies' Code အဆိုအဖွဲ့မှ ရီဆီး ကွယ်လွန်

တောင်ကိုရီးယား နာမည်ကြီး အဆိုအဖွဲ့ဖြစ်သော Ladies' Code အဖွဲ့မှ အဆိုတော် ရီဆီးသည် ဦးခေါင်း ထိခိုက် ဒဏ်ရာဖြင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း Polaris အနုပညာ အေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

ရီဆီးသည် စက်တင်ဘာ ၃ ရက်က မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားပြီး နောက်ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

သို့သော် ခွဲစိတ် ကုသမှု ခံယူနေစဉ်အတွင်း သွေးပေါင်ချိန် ကျဆင်းခဲ့သဖြင့် ခွဲစိတ်မှုကို ရပ်တန့် ခဲ့ရသည်။ ရီဆီးသည် ရက်ပေါင်း များစွာ ကြာအောင် မေ့မြော နေခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းအနုပညာ အေဂျင်စီ က ပြောကြားခဲ့သည်။

ရီဆီး ကွန်လွန်မှုသည်Ladies' Code အဆိုအဖွဲ့ကိုချစ်ခင်သည့် ပရိသတ် များအတွက် ဒုတိယ မြောက် ဝမ်းနည်း ကြေကွဲဖွယ် သတင်းဖြစ်ပြီး မကြာသေးမီကလည်း ယင်းအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အွန်ဘီ ကွယ်လွန်ခဲ့ကြောင်းနှင့် ရီဆီး၏ ဈာပန အခမ်းအနားသို့ ဂျပန်မှ ၄င်း၏ မိဘများနှင့် အနုပညာ မောင်နှမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia?ref=br_tf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ