ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ နှစ်ဦး သေဆုံး

မန္တလေး စက်တင်ဘာ ၁၇

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် ၈၃ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသော 5H/---- မတ်တူး အဖြူရောင်ယာဉ်မှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် ဘက်မှ စိုင်းမောင်မောင်၂၃ နှစ် (ဘ)ဦးမြင့် ချမ်းအေးသာဇံ မြို့နယ်နေသူ မောင်းနှင်ပြီး မမိုးသူဇာ ၁၁ နှစ်(ဘ) ဦးဇော်မင်းနိုင်နှင့် ရဲသူရိန် ၁ဝ နှစ် (ဘ) ဦးဇော်မင်းနိုင်တို့ လိုက်ပါလာသော ၁၇ယ/---- ကန်ဘို ၁၂၅ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး မောင်းနှင် ထွက်ပြေးရာ ဆိုင်ကယ် မောင်းနှင်သူ စိုင်းမောင်မောင်တွင် မေးစေ့ပေါက်၊ ဝမ်းဗိုက်နာ၊ ရင်ဘတ်ပွန်း၊ အပေါ်သွားတစ်ချောင်းကျိုး ဒဏ်ရာရရှိ၍ မန္တလေးမြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပြီး မမိုးသူဇာနှင့် မောင်ရဲသူရိန် တို့တွင် နောက်စေ့ စုတ်ပြဲ၊ ဝဲနား သွေးထွက်ဒဏ်ရာတို့ ရရှိကာ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်နှင့် ပတ်သက်၍ လိုက်လံ စုံစမ်းဖမ်းဆီးရာ ၁၇ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ကားဆေးသုတ်ဆိုင် တစ်ဆိုင်တွင် မတ်တူး အဖြူရောင် ယာဉ်ယာဉ်မောင်းဖြစ်သူ ကျော်ကျော်စိန် ၄၉ နှစ် (ဘ) ဦးသောင်းရင် အောင်မြေ သာဇံမြို့နယ် နေသူကို တွေ့ရှိရသဖြင့် အမှတ်(၅)ရဲစခန်းက အမှုဖွင့် ထားရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ