Miss Grand International 2014 ပြိုင် ပွဲ သို့ ၀င် ရောက် ယှဉ် ပြိုင် မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အမ်ဂျာဆိုင်း အွန်လိုင်း ရွေးချယ်မှု မဲအများဆုံး ရရှိနေ

ရန်ကုန် စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၇ရက်၌ ကျင်းပမည့်Miss Grand International 2014ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ် အမ်ဂျာဆိုင်းသည် အွန်လိုင်း မဲပေးခြင်းတွင် မဲအများဆုံးဖြင့် ဦးဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံက ဒုတိယကြိမ် အဖြစ် အိမ်ရှင် အနေနှင့် လက်ခံ ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် အတွက် Miss Golden Land Myanmar Organizationမှ ရွေးချယ်ပေးခဲ့သော အလှမယ်အား အွန်လိုင်းမှ တစ်ဆင့် မဲပေးခြင်းကို စက်တင်ဘာ ၄ရက်က စတင်ခဲ့ပြီး ယခုအခါ တရားဝင် မဲပေးစနစ်အတွင်း မြန်မာ အလှမယ်သည် မဲအများဆုံး ရရှိ ထားကြောင်း အင်တာနက် သတင်းများအရ သိရသည်။

အဆိုပါ Miss Grand International 2014 ပြိုင်ပွဲသို့ ပြိုင်ပွဲတွင် နိုင်ငံကိုယ်စား ပြုအလှမယ်ပေါင်း ၉၈ဦး ခန့် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံတကာ အဆင့်မီ ပြိုင်ပွဲကြီး တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Written by  စကားဝါ
မြ၀တီ
http://www.myawady.net.mm/allnews/headline/item/50582-2014-09-15-14-33-59


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ