Miss Myanmar International 2014 Winner အဖြစ် အလှမယ် ခင်ဝေဖြိုးဟန် ရွေးချယ်ခံရ

Miss Myanmar International 2014 ရွေးချယ်ပွဲကြီးကို ယနေ့ညပိုင်းတွင် ရန်ကုန် မြို့ရှိ အမျိုးသား ကဇာတ်ရုံကြီး၌ ကျင်းပခဲ့ရာ အလှမယ် ခင်ဝေဖြိုးဟန်အား Miss Myanmar International 2014 Winner အဖြစ် ရွေးချယ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကြီးကို ပြိုင်ပွဲဝင်အလှမယ် ၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလှမယ်များက မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံနှင့် Evening Gown တို့ကို ဝတ်ဆင် ယှဉ်ပြိုင် ခဲ့ကြကာ Miss Myanmar International 2014 ဆုရှင် အလှမယ် ခင်ဝေဖြိုးဟန် ကို ငွေကျပ် သိန်း ၁ဝဝအပြင် အခြား ဆုပေါင်းများစွာ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် 1st Runner Up ရရှိသော အလှမယ် မေဘဏီသော်ကို ငွေကျပ် သိန်း ၆ဝ၊ 2nd Runner Up ရရှိ သော အလှမယ် သဒ္ဒါမာရီယာကို ငွေကျပ်သိန်း ၄ဝ အသီးသီး ချီးမြှင့် ခဲ့ကြောင်း သိရသည်။

Title ဆုများအဖြစ် Miss Photogenic ဆုကို အလှမယ် မေဘဏီသော်ကလည်း ကောင်း၊ Miss Talent ဆုကို အလှမယ် သိမ့်ဟန်သော်ကလည်းကောင်း၊ Miss Beauty & Health ဆုကို အလှမယ် အိနုဝေက လည်းကောင်း ရရှိခဲ့သည်။

Miss Myanmar International 2014ဆုရှင်သည် နိုဝင်ဘာ ၁၁ ရက်တွင် ဂျပန် နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် Miss International Beauty Pageant 2014 အလှမယ် ရွေးချယ် ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

နောင်နောင်၊ အိအိမြတ်
https://www.facebook.com/mwdmedia


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ