Viagra ‘ဗိုင်ယာဂရာ’ ဆေးရည်ရောင်းလို့ အဖမ်းခံရ

• ဒီမနက် တရုပ်ပြည်ကကလာတဲ့သတင်းပါ။ အဖမ်းခံရသူဟာ ‘ဟူဘိုင်း’ ဒေသက ‘ဂျန်ရှိကောင်တီ’ မှာရှိတဲ့ဆေးစက်ရုံပိုင်ရှင် ‘ဟူအန်’ ဖြစ်ပါတယ်။ Sildenafil citrate ‘ဆဲလ်ဒန်နဖေးလ်’ ဆေးဟာ Erectile dysfunction ခေါ်တဲ့ ပန်းသေပန်းညှိုးအတွက် ပေးရတဲ့ဆေး ဖြစ်တယ်။
• သူဟာ ‘ဆဲလ်ဒန်နဖေးလ်’ ၁ ကီလိုဂရမ်ကို ဒေါ်လာ ၃၉ဝ (ယွန် ၂၄ဝဝ) နဲ့ အွန်လိုင်းကနေ ဝယ်ခဲ့တယ်။ ဆေးရည် ပုလင်းပေါင်း ၂၁ဝဝ ထုတ်လုပ်ပါတယ်။ ၁ဝဝ မီလီလီတာပုလင်းထဲမှာ ၁၃ဝ မီလီဂရမ် ထည့်ပြီး ဆေးဖေါ်ပါတယ်။ လီတာပေါင်း ၇၅ဝ ကိုရဲ့ဖမ်းမိခဲတယ်။ ၁ဝဝ မယ်လ် ပါ ပုလင်းပေါင်း ၄၂ဝ + ၇၅ဝ ရောင်းချပြီးပါပြီ။ သူ့မိတ်ဆွေတယောက်ကိုလဲ ပုလင်းပေါင်း ၈၁ဝ လက်ဆောင် ပေးပါသေးတယ်။ တပုလင်းကို ယွန် ၃ဝ နဲ့ရောင်းပါတယ်။
• ဆရာဝန်တွေအဆိုအရ အဲလိုဆေးရည်လုပ်ရင် နှလုံး-သွေးကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေပိုရစေမယ်။
• တရားဝင်ဆေးနာမည်က Viagra ‘ဗိုင်ယာဂရာ’ ဖြစ်ပါတယ်။ Viagra ဆေးကိုတရားဝင်နာမည်သုံးခွင့်ရှိတာက အမေရိကမှာရှိတဲ့ Pfizer ‘ဖိုက်ဇာ’ ဆေးကုမ္ပဏီ တခုတည်းကသာ ဖြစ်တယ်။ ဓါတုဗေဒလို PDE5 အမျိုးအစား ဖြစ်တယ်။ ၁၉၉၈ ကနေစရောင်းပါတယ်။ အခုဆိုရင် တနှစ်မှာ ဒေါ်လာ ၁၉၃၄ သန်းဘိုး ရောင်းရပါတယ်။
• ဈေးကွက်ထဲမှာ သူနဲ့အပြိုင် tadalafil (Cialis) နဲ့ vardenafil (Levitra).ဆေးတွေရှိပါတယ်။ ဆေးချင်းတူတယ်။
• အိန္ဒိယမှာ Kamagra (Ajanta Pharma), Silagra (Cipla), Edegra (Sun Pharmaceutical), Penegra (Zydus Cadila) နဲ့ Zenegra (Alkem Laboratories) နာမည်တွေနဲ့ရောင်းပါတယ်။ မလေးရှားမှာ ၂ဝဝ၈ တုံးက Viagra coffee ‘ဗိုင်ယာဂရာ ကော်ဖီ’ ဆိုပြီးရောင်းလို့ ရဲကဖမ်းခဲ့တယ်။
• Viagra ‘ဗိုင်ယာဂရာ’ ဆေးက တကယ်ထိရောက်ပါတယ်။ ဘေးထွက်ဆိုးကျိုးလဲ မများပါ။ နှလုံးသွေးကြော ကျဉ်းသူတွေသာ မသင့်ပါ။ ၅ဝ မီလီဂမ်ဆိုရင် လုံလောက်တယ်။ အလွန်ဆုံး တနေ့မှာ ၁ဝဝ မီလီဂရမ်သာ သုံးရတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ