မြင်းမူ-မုံရွာ ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ၊ ကိုးဦး ဒဏ်ရာရရှိ

 မြင်းမူ သြဂုတ် ၁၃

 စစ်ကိုင်းတိုင်း ဒေသကြီး  မြင်းမူ-မုံရွာသွား ကားလမ်းတွင် မြင်းမူမှ မုံရွာသို့ ယာဉ်မောင်း မင်းမင်းသူ မောင်းနှင်လာသည့် ယာဉ်အမှတ် စုံစမ်းဆဲ လိုက်ထရပ်ယာဉ်သည် မိုင်တိုင် (၅၂/၁)နှင့်(၅၂/၂) အကြား အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ  အောင်ကိုဆန်း ၃၄ နှစ်(ဘ)ဦးညွန့်မောင်၊ သင်းသင်း ၃၆ နှစ်(ဘ)ဦးညွန့်မောင်၊ နှင်းစုဝေ ၁၃ နှစ် (ဘ)ဦးကျော်ကျော်ဦး၊  ပိုရှန် ၁၉ နှစ်(ဘ) ဦးသိန်းဝင်း၊ ကျော်ရဲအောင် ၂၇ နှစ်(ဘ) ဦးငမုန်း၊ တွက်တိုး ၃၃ နှစ် (ဘ) ဦးရွှေမန်း၊ မြတ်ကျော်ထက် ၂၈ နှစ် (ဘ)ဦးအောင်ဝင်း၊ ချစ်မင်းဇော် ၂၇ နှစ် (ဘ)ဦးခင်မောင်မြင့်နှင့်  ဘိုဘိုကျော် ၂ဝ နှစ်(ဘ) ဦးအောင်ကျော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မောင်းမှ ယာဉ်အား တည့် မတ်ပြီး ဒဏ်ရာရ လူနာများကို မြင်းမူ ဆေးရုံသို့  ပို့ဆောင် ကုသပေးခဲ့ကာ ယာဉ်မောင်း မင်းမင်းသူမှာ ယာဉ်နှင့်အတူ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍   ယာဉ်မောင်း မင်းမင်းသူအား မြင်းမူမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူလျက် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Written by  ကေတု
မြ၀တီ
http://www.myawady.net.mm/allnews/crimenews/item/48209-2014-08-14-10-24-37

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ