ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါ များ

 stone fish (ကျောက်ငါး)

stone fish (ကျောက်ငါး) ကတော့ ရေယှက် အတောင်ပံတွေနဲ့ ဝေဆာ လှပနေတဲ့ ငါးတစ်ကောင် မဟုတ် ပါဘူး။ ဒါပေမဲ့သူ့ရဲ ကျောပေါ်မှာ ရှိတဲ့ ဆူးတောင်တွေ ကတော့ ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဆူတောင်များဘဲ ဖြစ်ပါတယ်။

အဲ့ဒီဆူတောင်တွေဟာ အမှန်တကယ်တော့ သူတို့ကို အန္တရာယ် ပြုမဲ့ ငမန်းတွေကို တိုက်ခိုက်ဖို့ အတွက်ဘဲဖြစ်ပါတယ်။ သူအဆိပ်မိသွားတဲ့ သူဟာဆိုရင်တော့ ခြေ၊ လက်များ ပြတ်ကျသည့်အလား အလွန်နာကျင်မယ် ပြီးရင် တှုန်လုပ်လာမယ်၊ သွက်ချာဗာဒ ဝေဒနာ သယ်လိုဖြစ်လာမယ် နောက်ဆုံး ဆေးကုသမှုမရှိရင်တော့ သေဆုံးခြင်း တို့ဘဲ ဖြစ်ပါတယ်။ ဒီကျောက်ငါးတွေကတော့ သူ့အဆိပ်ကို အင်မတန် ကြောမက်ဖွယ်ကောင်းတဲ့ ကျောရိုးအဆူးတောင် (၁၃)ချောင်း ပေါ်မှာ သိမ်းဆည်းထားပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ ၃၅ စင်တီမီတာ အထိ ကြီးမားတတ်ပါတယ်။

ဒီငါးတွေဟာ အများဆုံး ဒက္ခိဏ ယဉ်စွန်းတန်း ပင်လယ်ရေအောက် မီတာ ၄ဝ အနက် မှာ အများနေထိုင်ကျက်စားပါတယ်။ သို့ပေမဲ့လည်း အင်ဒို ပစီပိတ် ပင်လယ်ပြင်များမှာလဲ နေထိုင်ကျက်စားတာကိုလဲတွေရပါတယ်။

 Brazilian Wandering Spider

အဆိပ်အပြင်းဆုံးသတ္တဝါ တွေထဲက နောက်တစ်မျိုးကိုဖော်ပြရမယ်ဆိုရင်တော့ ၂ဝဝ၇ ခုနှစ်ကမှ ကမ္ဘာစံချိန်မှတ်တမ်း ဂရင်းနစ်စာအုပ် ထဲမှာ မှတ်တမ်းအတင်ခံလိုက်ရတယ် Brazilian Wandering Spider ဆိုတဲ့ ပင်ကူမျိုးဘဲဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ လဲ banana spider တိုက်ရိုက် လူပိန်း ဘာသာပြန်သလိုပြန်ရင်တော့ ငှက်ပျောသီး ပင့်ကူ လိုအဓိပ္ပါယ်ရပါတယ်။ (မြန်မာလို ဘယ်လိုခေါ်လဲ ကျွန်တော်လဲမတိဘူး ) တောကြီးပင့်ကူလဲမဟုတ်ဘူးလေ။ ဒီပင့်ကူမျိုးဟာ ၈ဝဝဝဝ ကျော်ရှိတဲ့ ပင့်ကူမျိုး အားလုံးထဲမှာ အဆိပ်အပြင်းဆုံး ပင့်ကူမျိုးဘဲဖြစ်ပါတယ်။
ကြောက်စရာအစွယ်

သက်တမ်းအနေအားဖြင့်တော့ ဒီပင့်ကူတွေက (၁)နှစ်ကနေ (၂) အထိ ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဖမ်းစီးစားသောက်တဲ့ သားကောင်တွေကတော့ ပိုးဟပ်၊ ပိုးမွှားများ၊ အိပ်မြှောင်၊ ပုရစ် တို့ဘဲဖြစ်ကြပါတယ်။ ဒီပင့်ကူတွေရဲ့ အဆိပ်ကတော့ ဦးနှောက်ကို ဘဲ တိုက်ရိုက် ထိခိုက်စေတဲ့အဆိပ်မျိုးပါ။ ဒီပင်ကူရဲ့အဆိပ် ဝ.ဝဝ၆ မီလီဂရမ်က ကြွက်တစ်ကောင်ကို ချက်ခြင်း သေစေနိုင်တဲ့ အထိကိုပြင်းပါတယ်။ အချိန်မှီကုသနိုင်ရင်တော့ အသက်ဆုံးရှုံုးခြင်းမှာ လွတ်မြောက်နိုင်ပါတယ်။ မှတ်တမ်းများအရတော့ ဒီပင်ကူ ယှက်ခံရတဲ့ လူပေါင်း ၇ဝဝဝ ကျော်အထဲမှာတော့ (၁ဝ) ယောက်ကျော်ဟာ အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။

ဒီပင့်ကူများဟာ နေ့အချိန်မှာ ပုန်းအောင်နေတတ်ပြီး ညအချိန်မှသာ အပြင်ထွက်လေ့ရှိတာကိုတွေ့ရပါတယ်။ လူနေအိမ်များ၊ အဝတ်အထည်များ၊ ရှုးဖိနပ်များ နှင့် ကားများအထဲမှာလဲ ခိုအောင်းတတ်ပါတယ်။

ကင်းခြေများ (Centipede)

လူတွေအမြင်မှာ ပိုးနသန်ကောင်နဲ့ ကင်းခြေများ ဟာ ခဏခဏ မှားယွင်းတတ်သော သတ္တဝါဖြစ်ပါတယ်။ ကမ္ဘာ အဆိပ်ပြင်းဆုံး သတ္တဝါထဲမှာ မပါပေမဲ့လဲ အဆိပ်ရှိသတ္တဝါတစ်ကောင် ဖြစ်ကြောင်းကို လူတိုင်းသိရှိပြီးသားဖြစ်ပါတယ်။ သူတို့ ရဲ့ ခန္ဓာကိုယ်ဟာ အဆစ်ငယ်များနဲ့ ဖွဲ့စည်းထားပြီး ကင်းခြေများတစ်ကောင်ဟာ အဆစ်ငယ်ပေါင်း ၁၂ ဆစ်ကျော်မှ ၁ဝဝ ဆစ်အတွင်းရှိပါတယ်။

သူ့ရဲ့ သန်မာတဲ့ မေးရိုး၊ သွား၊ အဆစ် နဲ့ ခြေထောက်များစွာ ရှိပါတယ်။ သားကောင်တွေကို တိုက်ခိုက် ဖမ်းတဲ့အချိန်တိုင်း သူရဲ့ ချွန်ထက် မာကျောတဲ့ အမှီးနှစ်ချောင်း မှာရှိတဲ့ အဆိပ် ဂလမ်း တွေကအလိုအလျှောက် ထက်လာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သားကောင်များကတော့ ကြွက၊် ပင့်ကူ၊ မြွေများ၊ ငှက်ငယ်လေးများနှင့် အခြားပိုးမွှားများ ဖြစ်ပါတယ်။

အရွယ်အစား အနေအားဖြင့်တော့ ၃ဝ စင်တီမိတာ တစ်ပေ ခန့် အထိ ကြီးထွားတတ်ပါတယ်။


မြ၀တီ
https://www.facebook.com/mwdmedia?ref=br_tf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ